Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင်တိုက်ခိုက်မှုဖြစ်စဥ်အား ပြင်းထန်စွာရှုတ်ချကြောင်း GSC ထုတ်ပြန်

ယနေ့နံနက်ပိုင်း အင်းစိန်ထောင် ဝင်ပေါက်ဂိတ်တွင် ဗုံးပေါက်ကွဲမှုကြောင့် အကျဥ်းဦးစီးဌာနမှ သုံးဦးသေဆုံးပြီး စစ်ကောင်စီ၏ ထောင်လုံခြုံရေးဝန်ထမ်းများ ပစ်ခတ်မှုကြောင့် ထောင်ဝင်စာပါဆယ်လာပို့သူ နှင့် သက်သေထွက်ဆိုရန်လာရောက်သူ ငါးဦး သေဆုံးခဲ့သည်။

(အင်းစိန်အကျဥ်းထောင်တိုက်ခိုက်မှုဖြစ်ပြီးနောက် မြင်တွေ့ရစဥ်)
(အင်းစိန်အကျဥ်းထောင်တိုက်ခိုက်မှုဖြစ်ပြီးနောက် မြင်တွေ့ရစဥ်)

အင်းစိန်အကျဥ်းထောင်တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း ဗုံးပေါက်ကွဲမှုနှင့် ထောင်လုံခြုံရေးများ၏ ပစ်ခတ်မှုများကြောင့် ထောင်ဝင်စာပို့သူများနှင့် ထောင်တွင်းရုံးထုတ်သို့ လာရောက်သက်သေထွက်ဆိုသူများ ထိခိုက်သေဆုံးမှုများ အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)က ထုတ်ပြန်သည်။

အင်းစိန်အကျဥ်းထောင်၌ မတရားအကျဥ်းချခံထားရသော နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသားများအတွက် ထောင်ဝင်စာပေးပို့ရန် လာရောက်သည့် မိသားစုဝင်များ၊ ဥပဒေအထောက်အကူပြုပုဂ္ဂိုလ်များ အပါအဝင် အရပ်သားများ အမြဲလှုပ်ရှားသွားလာနေသည့် နေရာဖြစ်၍ အများပြည်သူသွားလာနေသည့် နေရာများသည် စစ်ရေးပစ်မှတ်အဖြစ် မသတ်မှတ်သင့်သည့် နေရာများဖြစ်သည်ဟု ယူဆကြောင်း GSC က ဖော်ပြခဲ့သည်။

ထို့ကြောင့် မည်သည့်အခြေအနေ၊ အချိန်အခါတွင်ဖြစ်စေ အများပြည်သူဆိုင်ရာနေရာများ၌ တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းကို မိမိတို့အနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း GSC အဖွဲ့နှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကော်မတီ (AJMM)၊ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ(GSCN)တို့က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများကို မည်သည့်အစုအဖွဲ့က လုပ်ဆောင်သည်ဖြစ်စေ တာဝန်ခံရမည် ဖြစ်ကြောင်းကိုလည်း GSCအဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ပိုင်း အင်းစိန်ထောင် ဝင်ပေါက်ဂိတ်တွင် ဗုံးပေါက်ကွဲမှုကြောင့် အကျဥ်းဦးစီးဌာနမှ သုံးဦးသေဆုံးပြီး စစ်ကောင်စီ၏ ထောင်လုံခြုံရေးဝန်ထမ်းများ ပစ်ခတ်မှုကြောင့် ထောင်ဝင်စာပါဆယ်လာပို့သူ နှင့် သက်သေထွက်ဆိုရန်လာရောက်သူ ငါးဦး သေဆုံးခဲ့သည်။

ယနေ့သည် အင်းစိန်အကျဥ်းထောင်အတွင်းရှိ စစ်ကောင်စီ၏ အထူးတရားရုံးများက ယနေ့တွင် မတရားဖမ်းဆီးခံထားရသူအချို့၏ သက်သေများအား စစ်ဆေးရန် ဆင့်ခေါ်ထားသည့် နေ့ဖြစ်သည်ဟု အဆိုပါ အထူးတရားရုံး၌ ‌ရှေ့နေအဖြစ်ဆောင်ရွက်ပေးနေသူ အမည်မဖော်လိုသူ တစ်ဦးက ‌ပြောသည်။

“ကျွန်တော့်ရဲ့ အမှုသည်တွေ ပြောတာကတော့ ဗုံးပေါက်တယ်လို့လည်းပြောတယ်။ နောက်ပြီး ပေါက်ပြီးတော့ ပစ်ခတ်သံတွေလည်း ဆက်တိုက်ဖြစ်တယ်လည်း ပြောတယ်။ ကျွန်တော်က အဲဒီအချိန်မှာ အပြင်ရောက်နေတာ”ဟု ၎င်းက ပြောသည်။

ထို့အပြင် ၎င်း၏ မိတ်ဆွေဖြစ်သူ စစ်ကောင်စီက အကြမ်းဖက်ပုဒ်မဖြင့် မတရားဖမ်းဆီးခံထားရသူ၏ မိခင်ဖြစ်သူလည်း သေဆုံးမှုတွင်ပါဝင်ကြောင်း အဆိုပါ ‌ရှေ့နေက ပြောသည်။

“သူက သူ့သားနဲ့ ဒီနေ့မှ ပထမဆုံးအကြိမ်တွေ့ဖို့ လာတာ”ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။