Connect with us

Hi, what are you looking for?

သတင်း

ရင်ပေါင်တိုင်ရွာအနီးသို့ စစ်ကောင်စီတပ် စီးနင်းမှု ပြည်သူအချို့သေဆုံးပြီး ဒဏ်ရာရသူများ၊ ဖမ်းဆီးခံထားရသူများရှိ

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အသင့်ရှိသော်လည်း ပြည်သူများကို ဓားစာခံအဖြစ်ဖမ်းထား၍ အခက်ကြုံနေရသည်ဟု ဒေသခံ PDF တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။

(ရင်ပေါင်တိုင်ရွာအနီး စစ်ရဟတ်ယာဥ်များ ပျံဝဲနေစဥ်၊ ဓာတ်ပုံ-Pale Entertainment)
(ရင်ပေါင်တိုင်ရွာအနီး စစ်ရဟတ်ယာဥ်များ ပျံဝဲနေစဥ်၊ ဓာတ်ပုံ-Pale Entertainment)

နေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးထားဟုဆို

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်များ အသုံးပြုပစ်ခတ်တိုက်ခိုက်ပြီး ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံပြည်သူအချို့သေဆုံးပြီး ဒဏ်ရာရသူများ၊ ဖမ်းဆီးခံထားရသူများ ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ခတ်ပြီး ပို့ဆောင်ရေး ရဟတ်ယာဉ်ဖြင့် ခုနစ်ခေါက် စစ်အင်အားများ လာရောက်ချထားစီးနင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အခုက ဒီကောင်တွေက ရဟတ်ယာဉ်တွေက ပြေးလမ်းမရှိအောင်ကို ရင်ပေါင်တိုင်ရွာရဲ့ တစ်ရွာကျော် အခြား ဘေးရွာတွေကို ပိတ်ချပြီးတော့ ထွက်ပေါက်ပိတ်လိုက်တာ။ ပိတ်လိုက်တော့ ပြည်သူတွေ အခုလက်ရှိ အနေအထားမှာ တော်တော်များများ ရာဂဏန်းရှိမယ်ထင်တယ် ဖမ်းခံထားရတယ်။ အခု ယောက်ျားလေးတွေ ၃၇ယောက် အဖမ်းခံထားရတယ်လို့ စုံစမ်းသိရတယ်။ သေဆုံးမှုက နုန်းတန်း ဆိုတဲ့ဘက်မှာ နှစ်ယောက်သေထားတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ ဗိုက်ကို ဖောက်မှန်ထားတာ နှစ်ချက်။ အဲဒါထူးခြားမှုရှိတယ်”ဟု ရင်ပေါင်တိုင်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ရင်ပေါင်တိုင်ကျေးရွာမှ အဆောက်အဦး အချို့ကို မီးရှို့ထားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အသင့်ရှိသော်လည်း ပြည်သူများကို ဓားစာခံအဖြစ်ဖမ်းထား၍ အခက်ကြုံနေရသည်ဟု ဒေသခံ PDF တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။

“သူတို့ကို ကျွန်တော်တို့က ပြန်ပြီး ပိတ်ထားတယ်သူတို့ထွက်ပေါက်ကို။ အဖမ်းခံထားရတဲ့ ပြည်သူက တော်တော်ကိုများတယ်။ ကျွန်တော်တို့က ဝင်ပစ်ဖို့ကျတော့ အဖမ်းခံထားရတဲ့ ပြည်သူတွေထိခိုက်မှုရှိမှာ စိုးလို့ အဲဒီတစ်ချက်ကို ချိန်နေတာ”ဟု ယင်းမာပင်မြို့နယ် မြို့ပြပြောက်ကျား ဟိန္နကတပ်ဖွဲ့ ခေါင်းဆောင် က ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ရင်ပေါင်တိုင်ရွာကို ရဟတ်ယာဉ်ဖြင့် အင်အား ၂၀၀ ခန့်ချထားခဲ့သည်ဟုဆိုသည်။

“အခုလိုမျိုးရင်ဆိုင်ရတဲ့ အနေအထားမျိုးမှာ ကျွန်တော်တို့ PDFတွေပဲဖြစ်ဖြစ် လိုကယ်ပဲဖြစ်ဖြစ် ယူဂျီပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးမှာ လက်နက်ခဲယမ်းသာ တောင့်တောင့်တင်းတင်းရှိမယ်ဆိုရင် ဒီအဖွဲ့တွေကို ကောင်းကောင်း ပညာပေးပြီး တိုက်ထုတ်နိုင်ပါတယ်။ အခုလည်းရှိတဲ့လက်နက်နဲ့ လုပ်မှာပါ” ဟု ဟိန္နကတပ်ဖွဲ့ ခေါင်းဆောင်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်