Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နယ် ရွှေလှံရွာ သတ်ဖြတ်မီးရှို့ခံရသူများတွင် PDFရဲဘော် ၉ဦးနှင့် ပြည်သူတစ်ဦး ပါဝင်

နေရာမှာတင်သတ်ဖြတ်မီးရှို့ခံရသည့် ရဲဘော်များမှာ ရဲဘော်အောင်ဇေ၊ ရဲဘော်ထွေးကို၊ ရဲဘော်စတီး၊ ရဲဘော်အာကာ၊ ရဲဘော်ချစ်ကွင်း၊ ရဲဘော်မှေးကြီး၊ ရဲဘော်ဖိုးသား၊ ရဲဘော်ခေါင်းကြီး၊ ရဲဘော်ရန်ကြီးအောင်တို့ဖြစ်သည်ဟု သိရသည်။

(သတ်ဖြတ်မီးရှို့သွားပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-Cj)
(သတ်ဖြတ်မီးရှို့သွားပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရွှေလှံကျေးရွာ၌ သတ်ဖြတ်မီးရှို့ခံရသူများတွင် မုံရွာနှင့် ပခုက္ကူအခြေစိုက် PDFရဲဘော် ၉ဦးနှင့် ပြည်သူတစ်ဦး ပါဝင်ကြောင်း Aung San Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ၂၁ ရက်) နံနက် ၄ နာရီခွဲ ၅ နာရီဝန်းကျင်ခန့်တွင် ယင်းမာပင်မြို့နယ် ရွှေလှံရွာရှိ မုံရွာခရိုင်တပ်ရင်း – ၁၃ (အောင်ဆန်းမျိုးဆက်) ယာယီခေတ္တတည်းခိုရာနေရာကို စစ်ကောင်စီဘက်က စစ်ယူနီဖောင်း ဝတ်ဆင်မထားဘဲ PDF အယောင်ဆောင်၍ ခန့်မှန်းအင်အား ၁၀၀ခန့်ဖြင့် အလစ်စီးနင်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စီးနင်းခံရချိန်တွင် အခြားတိုက်ပွဲမှပြန်လာ၍ ​ခေတ္တနားနေသော ရဲဘော်များရှိခဲ့ရာ အောင်ဆန်းမျိုးဆက်မှ ရဲဘော် ရှစ်ဦးနှင့် ခေတ္တတည်းခိုနေသော ပခုက္ကူခရိုင်တပ်ရင်း(၂)မှ ရဲဘော် တစ်ဦးစုစုပေါင်း(၉)ဦး ကျဆုံးပြီး၊ နှစ်ဦး ဒဏ်ရာရရှိကာ နှစ် ဦးပျောက်ဆုံးလျက်ရှိကြောင်း၊ ပျောက်ဆုံး နှစ်ဦး၏ သတင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း Aung San Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့က ရင်ပေါင်တိုင် တိုက်ပွဲကနေ ည၁ နာရီလောက်မှာ ပြန်လာပြီး ရွှေလှံကျေးရွာကို ဝင်အိပ်ကြတာဗျ။ ကျေးရွာက လုံခြုံရေးတာဝန်ရှိသူတွေကို ကင်းတွေရှိသလား မေးတော့ရှိတယ်စိတ်ချရတယ်ပြောတယ်။ ဖြစ်သွားတာကလည်း ကင်းအချိန်းအပြောင်းလုပ်တဲ့အချိန်မှာ ဖြစ်သွားတာဖြစ်တယ်။ ရဲဘော်တွေကတော့ ကျွန်တော်တို့မုံရွာခရိုင်တပ်ရင်း (၁၃)က ရဲဘော်တွေဖြစ်ပါတယ်။”ဟု Aung San Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

နေရာမှာတင်သတ်ဖြတ်မီးရှို့ခံရသည့် ရဲဘော်များမှာ ရဲဘော်အောင်ဇေ၊ ရဲဘော်ထွေးကို၊ ရဲဘော်စတီး၊ ရဲဘော်အာကာ၊ ရဲဘော်ချစ်ကွင်း၊ ရဲဘော်မှေးကြီး၊ ရဲဘော်ဖိုးသား၊ ရဲဘော်ခေါင်းကြီး၊ ရဲဘော်ရန်ကြီးအောင်တို့ဖြစ်သည်ဟု သိရသည်။

ရွှေလှံရွာအတွင်းရှိ အိမ်ထောင်စု (၈)စုကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ခေတ္တတည်းခိုရာနေရာကို မီးရှို့ဖျက်​ဆီးရာတွင် ကျဆုံးရဲဘော်များနှင့် ရွာသား တစ်ဦး စုစုပေါင်း (၁၀)ဦးကိုပါ မီးရှို့သွားခဲ့ကြောင်း၊ ငွေသားနှင့်ပစ္စည်း ပျက်စီးဆုံးရှုံးမှုမှာ ခန့်မှန်းတန်ဖိုးအားဖြင့် သိန်းပေါင်း (၆၀၀) ဝန်းကျင်ခန့်ရှိကြောင်း Aung San Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈+၁)=၉ (၉) ရွာ (၉)မိုင် ချီတက်လမ်းလျှောက်တဲ့ လှုပ်ရှားမှု ဒီကနေ့ (ဇွန် ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။