Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်၌ စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ပြည်သူငါးဦးကျည်ထိပြီး နှစ်ဦးသေဆုံး

ယနေ့ (အောက်တိုဘာ ၂၂ ရက်)တွင် စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ စစ်ကြောင်းထိုးလျက်ရှိရာ ချောင်းမီတို(ခ)ချောင်းမကြီးရွာရှိ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ဝက်လက်နယ်ခံများ၊ ဓာတ်ပုံ-Cj
ထွက်ပြေးတိမ်းရှောင်နေရသော ဝက်လက်နယ်ခံများ၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းနှင့် အနောက်ခြမ်း၌ စစ်ကောင်စီတပ်စစ်ကြောင်းလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရ၍ နှစ်ရက်အတွင်း ပြည်သူနှစ်ဦးသေဆုံးပြီးပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာ ၂၂ ရက်)တွင် စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ စစ်ကြောင်းထိုးလျက်ရှိရာ ချောင်းမီတို(ခ)ချောင်းမကြီးရွာရှိ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရသည်။

သမန်းကျင်းရွာဘက်တွင် တိမ်းရှောင်နေသော လင်မယား နှစ်ဦးနှင့် စစ်ကောင်စီတပ်များ ထိပ်တိုက်တွေခဲ့ရာ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသားဖြစ်သူသေဆုံးသွားပြီး အမျိုးသမီးမှာ စိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။

” စစ်ရှောင်ပြည်သူများကို စခများမှ ပစ်ခတ်ရာ လင်မယား နှစ်ယောက်ထိပြီး အမျိုးသားမှာ ပွဲချင်းပြီးသေဆုံးပြီး အမျိူးသမီးမှာ သေနတ်ဒဏ်ရာ ၂ချက်ဖြင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။ စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပါတယ်။သေဆုံးသူ အမျိုးသားမှာ ဦးအောင်ငွေဖြစ်ပြီး

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ကျည်ထိမှန်ဒဏ်ရသူ အမျိုးသမီးမှာ ဒေါ်ချို လို့ သိရပါတယ်။”ဟု GZ Special Task Force Wetlet အဖွဲ့က ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၂၁ရက်) ညနေပိုင်းကလည်း ဝက်လက်မြို့နယ် အနောက်ခြမ်း လှတောရွာစခန်းမှ စစ်ကောင်စီတပ်သည် လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ မဲကုန်းရွာ၊ ကျီးကန်ရွာ၊ ပင်းဇင်းရွာ၊ ဒွန်တဲကုန်းရွာများဘက် ကျရောက်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုကြောင့် ဒွန်တဲကုန်းရွာပြည်သူ ၃ဦးထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ဝက်လက်နယ်အရှေ့ခြမ်းရှိ စစ်ကောင်စီစစ်ကြောင်းသည် နံနက် ၁၀ နာရီခွဲဝန်းကျင်တွင်ဆားတောင်ကြီးရွာမြောက်ဘက် တောကျောင်းထဲတွင်ရှိနေပြီး အင်းအား၁၅၀ကျော်ရှိကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာအတွင်း၌ စစ်ကောင်စီတပ်သည် ဝက်လက်နယ် အ​ရှေ့ခြမ်းကော အနောက်ခြမ်းတွင်ပါ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒေသကာကွယ်ရေးအဖွဲ့များကလည်း အလစ်ဝင်ရောက်တိုက်ခိုက်နေကာ နှစ်ဖက်ကျဆုံးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook