Connect with us

Hi, what are you looking for?

သတင်း

မြို့သိမ်းတိုက်ပွဲအတွက် အထပ်မြင့်အဆောက်အဦး တိုက်ပွဲဖော်ဆောင်မည့် လေ့ကျင့်မှုများပြုလုပ်

အဆိုပါ တပ်ရင်း၏ ကွန်မန်ဒိုတပ်ဖွဲ့သည် မြို့ပြစစ်ဆင်ရေးနှင့် စခန်းသိမ်းတိုက်ပွဲများဖော်ဆောင် ရည်ရွယ်လေ့ကျင့်နေခြင်းဖြစ်ကြောင်းလည်း တပ်ရင်း (၇၀၃)က ထုတ်ပြန်သည်။

မြို့သိမ်းတိုပ်ပွဲအတွက် အထပ်မြင့်အဆောက်အဦး တိုက်ပွဲဖော်ဆောင်မည့် လေ့ကျင့်မှုများပြုလုပ်
မြို့သိမ်းတိုပ်ပွဲအတွက် အထပ်မြင့်အဆောက်အဦး တိုက်ပွဲဖော်ဆောင်မည့် လေ့ကျင့်မှုများပြုလုပ်

မြို့သိမ်းတိုက်ပွဲများပြုလုပ်မည်ဖြစ်၍ အထပ်မြင့်အဆောက်အဦးများတွင် တိုက်ပွဲဖော်ဆောင်မည့် အနောက်ပိုင်းတိုင်း အခြေစိုက် တပ်မဟာ၇၊ တပ်ရင်း ၇၀၃၊ အထူးတိုက်ခိုက်ရေးကွန်မန်ဒိုတပ်ဖွဲ့ ၏ လေ့ကျင့်နေမှုများကို ယနေ့ထုတ်ပြန်လိုက်သည်။

အဆိုပါ တပ်ရင်း၏ ကွန်မန်ဒိုတပ်ဖွဲ့သည် မြို့ပြစစ်ဆင်ရေးနှင့် စခန်းသိမ်းတိုက်ပွဲများဖော်ဆောင် ရည်ရွယ်လေ့ကျင့်နေခြင်းဖြစ်ကြောင်းလည်း တပ်ရင်း (၇၀၃)က ထုတ်ပြန်သည်။

“ကွန်မန်ဒို သင်ခန်းစာတွေကို ဇူလှိုင်လကတည်းက ပြင်ဆင်နေတာပါ။ ဒီသင်ခန်းစာတွေက အချိန်ကော၊ငွေကော ရင်းနှီးပြီး လေ့ကျင့်သင်ကြားပေးရတာပါ။ ဒီတပ်ဖွဲ့က ကျွန်တော်တပ်ရင်းက မကြာခင်ဖော်ဆောင်မယ့် မြို့ပြတိုက်ပွဲတွေအတွက် ရည်ရွယ်ထားတာပါ”ဟု တပ်ရင်း (၇၀၃) တပ်ရင်းမှူး ကိုစိုးမိုးက ပြောသည်။

ထို့အပြင် ကွန်မန်ဒိုတပ်ဖွဲ့သည် အချိန်ယူလေ့ကျင့်သင်ကြားပေးရသည့် အထူးတပ်ဖွဲ့ဖြစ်၍ မိဘပြည်သူများ၏ ကူညီထောက်ပံ့မူများမှာ မရှိမဖြစ် လိုအပ်သည်ဟုလည်း တပ်ရင်း (၇၀၃)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် သင်တန်းအတွက် လက်နက်ခဲယမ်းနှင့် ဘဏ္ဘာရေးဆိုင်ရာ အခက်အခဲများရှိနေ၍ ပါဝင်ကူညီပေးကြရန်လည်း တပ်ရင်း(၇၀၃)က မေတ္တာရပ်ခံထားသည်။

အနောက်ပိုင်းအခြေစိုက် တပ်မဟာ (၇)၊ တပ်ရင်း (၇၀၃)သည် မကွေးတိုင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော်တစ်ခုဖြစ်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်ရင်းတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။