Connect with us

Hi, what are you looking for?

သတင်း

ကော်ဘရာစစ်ကြောင်းနှင့်ပူးပေါင်းတပ်၏ တိုက်ခိုက် မှုကြောင့် ယနေ့တိုက်ပွဲ စစ်ကောင်စီတပ် လေးဦးသေ

ကရင်ပြည်နယ်တွင်တိုက်ပွဲများပြင်းထန်​​​နေပြီး စစ်​ကောင်စီ​ဆေးရုံတွင် ဒဏ်ရာရစစ်သားများဖြင့်ပြည့်​နေ​ကြောင်းလည်းအထက်ပါသတင်းရင်းမြစ်က​ပြောသည်။

(ကော်ဘရာစစ်သည်တော်တစ်ဦး စနိုက်ပါဖြင့် စစ်ခတ်နေစဉ်။ ။ဓာတ်ပုံ - Cobra Column)
(ကော်ဘရာစစ်သည်တော်တစ်ဦး စနိုက်ပါဖြင့် စစ်ခတ်နေစဉ်။ ။ဓာတ်ပုံ - Cobra Column)

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းပါဝင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

ယနေ့ (အောက်တိုဘာ ၂၂ရက်) နံနက်မှ ညနေပိုင်းအထိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) တပ်များမှ လူခို့ ညောင်ချောင်းနှင့် ဆုံဆည်းမြိုင် တို့မှ (၁၂၀)မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း၊ KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း၊ တပ်မဟာ စစ်ကြောင်း တပ်ခွဲ(၂)တို့မှ ကျူးကျော်လာသော တပ်မ(၄၄) လက်အောက်ခံ အကြမ်းဖက်စစ်ကောင်စီ တပ် များအား ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ယနေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သား လေးဦး သေဆုံးကြောင်း စစ်မြေပြင် သတင်းအတည်ပြုချက်ရရှိသည်ဟု ထုတ်ပြန်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုမရှိခဲ့ဟု အသိပေးထားသည်။

စစ်​ကောင်စီတပ်က လက်နက်ကြီးများဖြင့်ယခုညဦးပိုင်းအထိပစ်ခတ်​​​နေဆဲဖြစ်​ကြောင်း​မြေပြင်မှတပ်ဖွဲ့ဝင်တစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၆)နယ်မြေတွင် ကော်ဘရာစစ် ကြောင်း ပါဝင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင် စီတို့ တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က အထိနာခဲ့ပြီး ဗျူဟာမှူးအဆင့် အရာရှိတစ်ဦးတိုက်ပွဲ၌​သေဆုံးခဲ့သည်။ ​သေဆုံးခဲ့​သော စစ်​ကောင်စီတပ် တပ်မ၄၄ ဗျူဟာမှူး အလောင်းကို စစ်တိုင်းမှူးလာ၍အသုဘချစစ်အခမ်းအနားပြုလုပ်ခဲ့​ကြောင်းလည်းသတင်းရရှိသည်။ထို့အပြင်

ဒဏ်ရာရ သူများကို သွား​ရောက်ကြည့်ရှုမည်ဟုစဥ်ထား​သော်လည်းတိုက်ပွဲများပြင်းထန်​တေသဖြင့် သွားမကြည့်​ကြောင်းလည်း စစ်​ကောင်စီတပ်နှင့်နီးစပ်​သောသတင်းရင်းမြစ်က​ပြောသည်။

ကရင်ပြည်နယ်တွင်တိုက်ပွဲများပြင်းထန်​​​နေပြီး စစ်​ကောင်စီ​ဆေးရုံတွင် ဒဏ်ရာရစစ်သားများဖြင့်ပြည့်​နေ​ကြောင်းလည်းအထက်ပါသတင်းရင်းမြစ်က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။