Connect with us

Hi, what are you looking for?

သတင်း

အရပ်သားပြည်သူအများအပြားရှိနေချိန် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်ဟု တော်လှန်ရေးအင်အားစု (၈)ဖွဲ့ ထုတ်ပြန်

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေတပ်မတော်(KIO/KIA) အထိမ်းအမှတ်နေ့အတွက် အကြိုဂီတပွဲကျင်းပနေစဉ် ယမန်နေ့(အောက်တိုဘာ ၂၃ ရက်)ညပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ကချင်အနုပညာရှင်၊ လုပ်ငန်းရှင်နှင့် ပြည်သူများ ဒါဇင်နှင့်ချီကာ သေဆုံးထိခိုက်မှုရှိခဲ့သည်။

(စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူအလောင်းများအား တွေ့ရစဉ်)
(စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူအလောင်းများအား တွေ့ရစဉ်)

▪️စစ်အာဏာရှင်ကို အရှိန်မြှင့် ထိုးနှက်တိုက်ခိုက် သွားမည်ဟု ပူးတွဲကြေညာ

ကချင်ပြည်နယ်၊ ဖားကန့်၌ အရပ်သားပြည်သူအများအပြားရှိနေချိန်တွင် စစ်တပ်က အစုလိုက်အပြုံလိုက် သေဆုံးနိုင်သော တိုက်ခိုက်မှုမျိုးလုပ်ဆောင်ခြင်းသည် စစ်ရာဇဝတ်မှုမြောက်ကြောင်း တော်လှန်ရေးအင်အားစု (၈)ဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။

အရပ်သားများအပေါ် လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ ၏ လုပ်ရပ်ကို အပြင်းအထန်ကန့်ကွက်ရှုတ်ချလိုက်ပြီး ကချင်လူမျိုးများကို ဦးတည်ချက်ထားတိုက်ခိုက်မှုသည် လူမျိုးတုံးသတ်ဖြတ်မှု(Genocide)ကျူးလွန်လိုသည့် ရည်ရွယ်ချက်ရှိသည်ဟု ယူဆကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေတပ်မတော်(KIO/KIA) အထိမ်းအမှတ်နေ့အတွက် အကြိုဂီတပွဲကျင်းပနေစဉ် ယမန်နေ့(အောက်တိုဘာ ၂၃ ရက်)ညပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ကချင်အနုပညာရှင်၊ လုပ်ငန်းရှင်နှင့် ပြည်သူများ ဒါဇင်နှင့်ချီကာ သေဆုံးထိခိုက်မှုရှိခဲ့သည်။

(စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူအလောင်းများအား တွေ့ရစဉ်)
(စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူအလောင်းများအား တွေ့ရစဉ်)

ယင်းသို့ လူမဆန်သည့် ကျူးလွန်မှုမျိုး ကြုံတွေ့ခဲ့သော ကချင်ပြည်သူများအတွက် များစွာ စိတ်မကောင်းဖြစ်မိကြောင်း နှင့် တော်လှန်ရေးအင်အားစု ၈ ဖွဲ့သည် KIO ၏ ဖက်ဒရယ်ဒီမိုကရေစီရေးနှင့် ကချင်လူထုလွတ်မြောက်ရေး ကြိုးပမ်းအားထုတ်မှုများကို လေးစားဂုဏ်ယူပြီး အတူတကွ ပိုမိုခိုင်မြဲစွာ ပူးပေါင်း၍ စစ်အာဏာရှင်ကို အရှိန်မြှင့် ထိုးနှက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

KIO တည်ထောင်ခြင်း ၆၂ နှစ်မြောက် အထိမ်းအမှတ်အကြိုအခမ်းအနားကို ယခုကဲ့သို့ အကြမ်းဖက် ဖက်ဆစ်စစ်တပ်က တိုက်ခိုက်ခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေးအတွက် နိုင်ငံရေးနှင့် စစ်ရေးနည်းအားဖြင့် တော်လှန်နေကြသည့် အစုအဖွဲ့အားလုံးကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစု ၈ ဖွဲ့က မှတ်ယူသည်။

နိုင်ငံတကာအစိုးရများအနေဖြင့် အကြမ်းဖက်ဖက်ဆစ်စစ်တပ်၏ လေယာဥ်ဆီနှင့် လက်နက်ဖြတ်တောက်ရန်၊ ၎င်း၏ အဓိကဝင်ငွေလမ်းကြောင်းဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို အရေးယူရန်၊ စစ်အုပ်စုကို အသိအမှတ်မပြုရေး အရှိန်မြှင့်ဆောင်ရွက်ရန်၊ ကျူးလွန်သူများကို အပြစ်ပေးအရေးယူရန်၊ တရားမျှတမှုဖော်ဆောင်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကြားဝင်ဆောင်ရွက်ရန်တို့ကို စဥ်ဆက်မပြတ်တိုက်တွန်းလှုံ့ဆော်ရန် တိုက်တွန်းထားသည်။

အထက်ပါသဘောထားထုတ်ပြန်ချက်ကို All Kachin Students’ Federation-AKSF ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကော်မတီ(AJMM) ၊ Blood Money Campaign ၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ(GSC) ၊ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ(GSCN) ၊ Kachin National Youth Network-KNYN ၊ Kachin State Civilian Movement-KSCM နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB တို့ ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။