Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်က ပုလဲရှိပအဖရုံးတစ်ရုံးကို လေ​ကြောင်းအသုံးပြုစီးနင်း

ကနဦးရဟတ်ယာဥ်နှစ်စီးအသုံးပြုတိုက်ခိုက်ပြီး​နောက်ညနေ ၄နာရီ ခွဲခန့်တွင် Mi 35 နှစ်စင်းထပ်မံ​ရောက်လာပြီးစစ်ကောင်စီတပ်သားသယ်​ဆောင်လာ၍ ချ​ပေးကာစခန်းကိုစီးနင်းခဲ့ခြင်းဖြစ်​ကြောင်း၊ ဖမ်းဆီးခံရသူအချို့ ရှိကြောင်း ​ဒေသခံအချို့က​ပြောသည်။

(စစ်​ကောင်စီရဟတ်ယာဥ်တစ်စီးယင်းမာပင်နယ်သို့​ရောက်လာစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီရဟတ်ယာဥ်တစ်စီးယင်းမာပင်နယ်သို့​ရောက်လာစဥ်။ဓါတ်ပုံ-CJ)

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)ရုံးကို စစ်ကောင်စီတပ်က ရဟတ်ယာဥ်များဖြင့် ယ​နေ့ည​နေတွင် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ညနေ လေးနာရီထိုးကာနီးမှ Mi 35 နှစ်စင်း ရုတ်တရက်ရောက်လာပြီး စစ်ခွေးတွေ ဝင်စီးနေတယ်။ အ‌ခြေအနေတွေ အရမ်းရှုပ်ထွေးနေတယ်”ဟု ပြည်သူကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ကနဦးရဟတ်ယာဥ်နှစ်စီးအသုံးပြုတိုက်ခိုက်ပြီး​နောက်ညနေ ၄နာရီ ခွဲခန့်တွင် Mi 35 နှစ်စင်းထပ်မံ​ရောက်လာပြီးစစ်ကောင်စီတပ်သားသယ်​ဆောင်လာ၍ ချ​ပေးကာစခန်းကိုစီးနင်းခဲ့ခြင်းဖြစ်​ကြောင်း၊ ဖမ်းဆီးခံရသူအချို့ ရှိကြောင်း ​ဒေသခံအချို့က​ပြောသည်။

Public Service Announcement
Public Service Announcement

သို့​သော်မုံရွာ​လေတပ်မှ ​လေယာဥ်ပျံသန်းမှုအရ ယ​နေ့ည​နေ ၂ နာရီ ၄၈ မိနစ်မှ ၂ နာရီ ၅၆ မိနစ်အတွင်း Mi35 နှစ်စီးနှင့်Mi-17 တစ်စီး စုစု​ပေါင်း ၃ စီးမှာ မုံရွာ မြို့မှ အ​ရှေ့​တောင် ဘက်၊ ​တောင်ဘက်နှင့် အ​ရှေ့​မြောက်ဘက်သို့ ပျံသန်းပြပြီး​နောက် ပုလဲနှင့်ယင်းမာပင်ဘက်သို့ သွား​ရောက်ခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစီးနင်းတိုက်ခိုက်မှုတွင် စခန်းမှမည်မျှဖမ်းဆီးခံရ၍ ၊ လူနှင့်ပစ္စည်း ထိခိုက်ဆုံးရှုံးမှု အ​ခြေအ​နေအ​သေးစိတ်မည်သူရှိသည်ကိုမူမသိရ​သေးပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။