Connect with us

Hi, what are you looking for?

သတင်း

KNLA တပ်မဟာ (၅) စစ်ကောင်စီတပ်တို့ ဖာပွန်ခရိုင်ထဲတွင် တိုက်ပွဲဆက်နေ

အောက်တိုဘာ ၂၂ ရက်က စတင်ခဲ့သည့် ငါးရက်အတွင်း တိုက်ပွဲခြောက်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က (၈)ဦးခန့် သေဆုံးပြီး (၄) ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု မူတြော်သတင်းစဉ်မှ ထုတ်ပြန်ထားသည်။

KNLA တပ်မဟာ (၅) စစ်ကောင်စီတပ်တို့ ဖာပွန်ခရိုင်ထဲတွင် တိုက်ပွဲဆက်နေ
KNLA တပ်မဟာ (၅) စစ်ကောင်စီတပ်တို့ ဖာပွန်ခရိုင်ထဲတွင် တိုက်ပွဲဆက်နေ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင်တွင် KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား ငါးရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

အောက်တိုဘာ ၂၂ ရက်က စတင်ခဲ့သည့် ငါးရက်အတွင်း တိုက်ပွဲခြောက်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က (၈)ဦးခန့် သေဆုံးပြီး (၄) ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု မူတြော်သတင်းစဉ်မှ ထုတ်ပြန်ထားသည်။

အောက်တိုဘာလ(၂၆)ရက် မနက်က ကော်သူးလေတပ်မတော် KNLA တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက စစ်ကောင်စီ၏ ဆာလော်ကျိုးစခန်းအား တစ်ကြိမ် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အောက်တိုဘာလ(၂၆)ရက် မွန်းလွဲပိုင်း(၁)နာရီကျော်အချိန်တွင် ဖာပွန်မြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စု၊ ညောင်ပင်ရွာအတွင်းသို့ လက်နက်ကြီး(၁၁)ချက်ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် အောက်တိုဘာ(၂၅)ရက် နံနက်ပိုင်းက KNLA တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက မထောကျေးရွာနှင့် မြေနီကုန်းကျေးရွာအကြား၌ တစ်ကြိမ်စီ ခြုံခိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မသိရသေးကြောင်း၊ KNLA ဘက်မှ ထိခိုက်မှုမရှိကြောင်း ဒေသတွင်းစစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက ပြောသည်။

အောက်တိုဘာလ(၂၄)ရက်တွင်လည်း KNLA တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဖွဲ့များအား ကတိုင်တိနှင့် ဘောကျို့လယ်ရွာကြားတွင် တစ်ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သလို အောက်တိုဘာ(၂၃)ရက်နေ့မှာ နိုခေးဒေးဒေသအတွင်း KNLA က တစ်ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးနှင့် တစ်ဦးဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် အောက်တိုဘာ(၂၂)ရက်နေ့မှာလည်း စစ်ကောင်စီနှင့် KNLA တပ်ဖွဲ့ဝင်များအကြား တစ်ကြိမ်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးကြောင်း တပ်မဟာ(၅)၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။