Connect with us

Hi, what are you looking for?

သတင်း

Times City ၌ Halloween Bazaar ကျင်းပနေ

ဆိုင်ခန်း တစ်ရာခန့် ဖွင့်လှစ်ရောင်းချနေခြင်းဖြစ်ပြီး လူသုံးကုန်ပစ္စည်းများ ၊ အလှကုန်များ အစားအသောက်များ အဓိကရောင်းချသည်။

Times City ၌ Halloween Bazaar ကျင်းပနေ
Times City ၌ Halloween Bazaar ကျင်းပနေ

အာဏာသိမ်းစစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အကြမ်းဖက်မှုများလုပ်ဆောင်နေသည့် အချိန်တွင် UAB ဘဏ်က ဦးစီး၍ Halloween Bazaar ကို Times City ၌ ပြုလုပ်နေသည်။

ယခင်ကျင်းပနေကျ ဘန်ကာက်ညဈေးများ၏ ပုံစံအတိုင်း ဈေးရောင်းပွဲတော်ကို ကျင်းပနေခြင်းဖြစ်ပြီး အောက်တိုဘာ ၂၈ မှ ၃၀ အထိပြုလုပ်မည်ဖြစ်သည်။

ဆိုင်ခန်း တစ်ရာခန့် ဖွင့်လှစ်ရောင်းချနေခြင်းဖြစ်ပြီး လူသုံးကုန်ပစ္စည်းများ ၊ အလှကုန်များ အစားအသောက်များ အဓိကရောင်းချသည်။

ဈေးရောင်းပွဲတွင် ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်ပြီး လူငယ်အများစု လာရောက်လည်ပတ်၍ အမှတ်တရ ဓာတ်ပုံများရိုက်ကူးကြသည်ကိုတွေ့ရသည်။

Public Service Announcement

Public Service Announcement

စစ်အစိုးရအဆက်ဆက်ဝန်ကြီး​ဟောင်းဦး​အောင်​သောင်၏သား​ UAB ဘဏ်ပိုင်ရှင် ဦး​နေ​အောင်သည် အာဏာသိမ်းအစိုးရလက်ထက်တွင် စစ်​ကောင်စီကိုအကူအညီ​ပေး​နေသလို စစ်တပ်နှင့်နီးစပ်မှုဖြင့်စီးပွား​ရေးလုပ်ငန်းများပိုမိုတိုးချဲ့​နေသည်။ Ooredoo Myanmar အ​ရောင်းအဝယ်ပြုလုပ်ခဲ့ပြီး​နောက် ပြည်တွင်း၌လုပ်ငန်းလည်ပတ်မှုကို ဦး​နေ​အောင်၏ ANANDA ကဦး​ဆောင်လုပ်ကိုင်ခွင့်ရထားပြီး ရှယ်ယာတစ်စိတ်တစ်ပိုင်းကိုလည်းပိုင်ဆိုင်ခွင့်ရရှိထား​ကြောင်း People’s Spring ၏ယုံကြည်ရ​သောသတင်းရင်းမြစ်များထံမှသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။