Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်မြို့တွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကက်သလစ်ဘုရားကျောင်းဝင်းရှိ မူကြိုကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲ

စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အောက်တိုဘာ၂၂ရက်မှ အောက်တိုဘာ၂၉ရက်အထိ ရှစ်ရက်အတွင်း အရပ်သားတစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် မူကြိုကျောင်းထိခိုက်မှုကို တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် မူကြိုကျောင်းထိခိုက်မှုကို တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

မိုးမောက်မြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ကက်သလစ်ဘုရားကျောင်းဝင်းအတွင်းရှိ မူကြိုကျောင်းပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ညနေက ပေါက်ကွဲတာ ဟုတ်တယ်။ ကလေးတွေက ကျောင်းမသွားလို့ မထိတာ။ အခုက မြို့ပေါ် အထိ တိုက်ပွဲရောက်လာပြီ”ဟု မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။

ယနေ့ (အောက်တိုဘာ ၃၁ရက်) တိုက်ပွဲပိုပြင်းထန်လာပြီး မြို့ပေါ်နေရာအချို့တွင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများဖြစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီသည် အောက်တိုဘာ ၂၂ရက်မှစ၍ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီအထိနာခြင်းနှင့်အတူ တိုက်ပွဲသည် ပိုမိုပြင်းထန်လာသည်။ စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းဖြင့်ပါ အသုံးပြုတိုက်ခိုက်နေသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အောက်တိုဘာ၂၂ရက်မှ အောက်တိုဘာ၂၉ရက်အထိ ရှစ်ရက်အတွင်း အရပ်သားတစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့သည်။

KIA၊ PDF ပူးပေါင်းတပ် တပ်စွဲထားသည့်မိုးမောက်မြို့လုံဂျာတောင်ဝန်းကျင်ကို စစ်ကောင်စီက သိမ်းပိုက်ရန် ကြိုးစားနေသည်။ သို့သော် တိုက်ပွဲကာလ ဆယ်ရက်မြောက်လာသည်အထိ မသိမ်းပိုက်နိုင်ဘဲ စစ်ကောင်စီတပ် အထိနာနေသည်။ကေအိုင်ကေက တရားဝင်သတင်းမထုတ်ပြန် သေးသော်လည်း ယခုလတ်တလောဖြစ်ပွားနေသော မိုးမောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ရာဦးထက်မနည်းသေဆုံးကြောင်း ကေအိုင်အေ သတင်းရင်းမြစ်အချို့က ပြောသည်။

“စစ်တပ် အထိနာတာတော့ ကျွန်တော်တို့ အတိအကျမသိပေမယ့် တော်တော် ရုပ်ပျက်ဆင်းပျက်ဗျ။ ထိတဲ့ကောင်တွေကို ကားတွေနဲ့ ပြန်သယ် နေတာ မနည်းဘူး”ဟု မြို့ခံတစ်ဦးက ပြောသည်။

မိုးမောက်မြို့နှင့်ကပ်လျက်ရှိသော ဗန်းမော်မြို့တွင်လည်း ယနေ့ည ပြင်းထန်သော ပေါက်ကွဲမှုနှစ် ကြိမ်ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

Facebook