Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ်အရှေ့ပိုင်း၌ ကင်းပုန်းဝပ်ရန်လာသည့်စစ်ကောင်စီတပ်ကို မိုင်းဖြင့်တိုက်ခိုက်

ဖောက်ခွဲတိုက်ခိုက်ချိန်တွင် စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

နတ်တောင်နဂါးပကဖအဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-နတ်တောင်နဂါး
နတ်တောင်နဂါးပကဖအဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-နတ်တောင်နဂါး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အရှေ့ပိုင်း၌ ကင်းပုန်းဝပ်ရန်လာသော စစ်ကောင်စီတပ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

နိုဝင်ဘာ ၉ ရက် ညနေ ၄နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ အရှေ့ခြမ်း၊ ကျောက်မြောင်းမြို့နယ်ခွဲရှိ ပျူစောထီးကြီးစိုးရာ မခေါက်ကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများသည် အနောက်ပိုင်းရှိ ကျောက်ကြမ်းတောင်ဘက်သို့ ကင်းပုန်းဝပ်ရန် ထွက်လာခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်နှင့်ပျူများအား အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ မခေါက်ရွာပျူ ခေါင်းဆောင် တင်မိုးအောင်မှာ နေရာတွင် သေဆုံး၍ အပေါင်းအပါ စစ်ကောင်စီတပ်နှင့်ပျူအဖွဲ့ဝင် သုံးဦးမှာ အပြင်းအထန် ဒဏ်ရာရရှိကြောင်း နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

ဖောက်ခွဲတိုက်ခိုက်ချိန်တွင် စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား နတ်တောင်နဂါး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် နတ်တောင်နဂါး တပ်ခွဲ(၂) ဇာမဏီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း နတ်တောင်နဂါး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကအသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ နတ်တောင်နဂါး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မခေါက်ရွာရှိ ပျူစောထီးအဖွဲ့ဝင်များသည် ပြီးခဲ့သည့်လပိုင်းအတွင်းက စစ်ကောင်စီတ​ပ်ဖွဲ့ဝင်များနှင့်ပေါင်းကာ ရွှေဘိုနယ်အရှေ့ပိုင်းကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။