Connect with us

Hi, what are you looking for?

သတင်း

KIA၊ PDFနှင့် စစ်​ကောင်စီတပ်မိုး​မောက်မြို့တွင်တိုက်ပွဲပြန်ဖြစ်

“ဆေးရုံဖက်ကနေကြားနေရတယ်။ မနက်ကတည်းကကြားတာ။ မြို့ထဲလည်း မသွားရဲကြဘူး။ပုန်းနေရတော့ ဘယ်နေရာမှာ ဘာဖြစ်နေလဲ သေချာမသိရသေးဘူး”ဟုမိုးမောက်မြို့ခံတဦးကပြောသည်။

KIA၊PDFနှင့်စစ်​ကောင်စီတပ်မိုး​မောက်မြို့တွင်တိုက်ပွဲပြန်ဖြစ်
KIA၊PDFနှင့်စစ်​ကောင်စီတပ်မိုး​မောက်မြို့တွင်တိုက်ပွဲပြန်ဖြစ်

မိုးမောက်မြို့တွင် ကချင်လွတ်လပ်​ရေးတပ်(KIA) ၊ PDF ပူးပေါင်းတပ် နှင့် စစ်ကောင်စီသည် ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွား​ကြောင်း ဒေသခံများကပြောသည်။

နံနက် ၇နာရီခန့်မှစတင်၍ သေနတ်သံများကြားနေရပြီး ယခုသတင်းရေးသားချိန် ၁၁နာရီခွဲခန့်အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု မြို့ခံများကပြောသည်။

“ဆေးရုံဖက်ကနေကြားနေရတယ်။ မနက်ကတည်းကကြားတာ။ မြို့ထဲလည်း မသွားရဲကြဘူး။ပုန်းနေရတော့ ဘယ်နေရာမှာ ဘာဖြစ်နေလဲ သေချာမသိရသေးဘူး”ဟုမိုးမောက်မြို့ခံတဦးကပြောသည်။

ယနေ့(နိုဝင်ဘာလ ၁၁ရက်)တိုက်ပွဲသည်မိုးမောက်မြို့ ခါနန်ရပ်ကွက်‌၊နောင်ပေါင်းရွာအနီးတွင်ဖြစ်ပွားနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်သည် မိုးမောက်တွင် အောက်တိုဘာ ၂၂ရက်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က လေကြောင်းရော လက်နက်ကြီးပါ အသုံးပြုတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲတွင် စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုများ​ပြီးအထိနာကြောင်း ​KIA သတင်းရင်းမြစ်အချို့က​ပြောသည်။

စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အောက်တိုဘာလ ၂၂ရက်မှ အောက်တိုဘာလ ၂၉ ရက် အထိ ရှစ်ရက်အတွင်း အရပ်သား တစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့သည်။

နိုဝင်ဘာလဆန်းတွင် တိုက်ပွဲရပ်တန့်နေရာမှ ယနေ့တကျော့ပြန်ဖြစ်ပွားခြင်းဖြစ်သည်။ယ​နေ့တိုက်ပွဲနှစ်ဖက် ထိခိုက်ကျဆုံးမှုအ​ခြေအ​နေကိုမူ မသိရ​သေး​ပေ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။