Connect with us

Hi, what are you looking for?

သတင်း

မော်လမြိုင် အပြန်အလှန်ပစ်ခတ်မှာ မြို့ပြပြောက်ကျား ၅ ဦးအဖမ်းခံရ

ဇေယျသီရိ (၃) ရပ်ကွက် က နေအိမ် တစ်အိမ် ကို ညနေပိုင်း ၅ နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်က လာရောက်စီးနင်းရာမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာပါ။

မော်လမြိုင် အပြန်အလှန်ပစ်ခတ်မှာ မြို့ပြပြောက်ကျား ၅ ဦးအဖမ်းခံရ
မော်လမြိုင် အပြန်အလှန်ပစ်ခတ်မှာ မြို့ပြပြောက်ကျား ၅ ဦးအဖမ်းခံရ

မနေ့ကညပိုင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ဇေယျာသီရိ ( ၃) ရပ်ကွက် အတွင်းအပြန်အလှန်ပစ်ခတ်မှုမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံလိုက်ရပါတယ်။

ဇေယျသီရိ (၃) ရပ်ကွက် က နေအိမ် တစ်အိမ် ကို ညနေပိုင်း ၅ နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်က လာရောက်စီးနင်းရာမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာပါ။

ကနဦးပစ်ခတ်မှုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူနဲ့ ရဲတပ်ဖွဲ့ဝင်၁ ဦးဒဏ်ရာရသွားပါတယ်။

ဒါကြောင့် အဲဒီနေရာကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ပိတ်ဆို့ပစ်ခတ်ရာမှာ PDF တပ်ဖွဲ့ဝင် ၅ ဦးကို ဖမ်းမိတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်လာပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့ ဓာတ်ပုံ အရ ဖမ်းမိသူ ၅ ဦးမှာ အမျိုးသမီး ၁ ဦးပါဝင်တာတွေ့ရပါတယ်။

ဖမ်းဆီးရမိသူတွေဟာ Special Underground Movement Force Mawlamyine- အဖွဲ့ဝင်တွေဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အထူးမြေအောက်လှုပ်ရှားမှုအင်အားစု Special Underground Movement Force Mawlamyine-အဖွဲ့ကလည်း သူတို့ အဖွဲ့ဝင် ၅ ဦး လက်နက်ငယ် ၃ လက်နဲ့အတူ ဖမ်းခံလိုက်ရတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။