Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင်ရှေ့တွင် ဓာတ်ပုံရိုက်သူနှစ်ဦး စစ်ကောင်စီ ဖမ်းဆီးစစ်ဆေး

ယနေ့တွင် (၁၀၂)နှစ်​မြောက် အမျိုးသား​နေ့ကို ဂုဏ်ပြု​သည်ဟုဆိုကာ စစ်ကောင်စီအဖွဲ့က ၎င်းတို့ မတရားဖမ်းဆီးအကျဥ်းချခံထားရသူများအပါအဝင် အကျဥ်းသား ငါးထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

(အင်းစိန်​ထောင်​ရှေ့တွင်ယ​နေ့နံနက်ပိုင်းကဓာတ်ပုံရိုက်သူတစ်ဦးကို စစ်​ကောင်စီတပ်ကဖမ်းဆီး​နေစဥ်။ ဓာတ်ပုံ-AAMIJ)
(အင်းစိန်​ထောင်​ရှေ့တွင်ယ​နေ့နံနက်ပိုင်းကဓာတ်ပုံရိုက်သူတစ်ဦးကို စစ်​ကောင်စီတပ်ကဖမ်းဆီး​နေစဥ်။ ဓာတ်ပုံ-AAMIJ)

ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဥ်းထောင်ရှေ့၌ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများအား မိသားစုဝင်များ စောင့်ဆိုင်းနေစဥ် ဓာတ်ပုံရိုက်ကူးသည့် ပြည်သူနှစ်ဦးကို စစ်ကောင်စီက ယနေ့ နံနက်တွင် ဖမ်း​ဆီးစစ်ဆေးခဲ့သည်။

“မနက်က ကောင်လေးနဲ့ ကောင်မလေး တစ်ယောက် ကို ဓာတ်ပုံရိုက်လို့ဆိုပြီး စစ်သားတွေက လာဖမ်းသွားတာပါ။ အရင်လဲ ရိုက်နေကြတာ တွေ့နေရတာပါပဲ အခုမှ ဘာဖြစ်မှန်းမသိ ဖမ်းသွားတာပါ။ အခုတော့ ပြန်လွတ်လာပြီလို့ သိရပါတယ်။ အင်းစိန်ထောင်နား တစ်ဝိုက်မှာတော့ အရပ်ဝတ်တွေနဲ့ရော အများကြီး စောင့်နေတာ တွေ့ရပါတယ် “ဟု အင်းစိန်အကျဥ်းထောင်အနီးရောက်ရှိနေသည့် ပြည်သူတစ်ဦးက ပြောသည်။

ယနေ့တွင် (၁၀၂)နှစ်​မြောက် အမျိုးသား​နေ့ကို ဂုဏ်ပြု​သည်ဟုဆိုကာ စစ်ကောင်စီအဖွဲ့က ၎င်းတို့ မတရားဖမ်းဆီးအကျဥ်းချခံထားရသူများအပါအဝင် အကျဥ်းသား ငါးထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် မတရားဖမ်းဆီးအကျဥ်းချခံရသော နိုင်ငံခြားသား လေးဦး ပါဝင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook