Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် မတ္တရာနယ် အိုင့်ဒိုင်ရွာ အကူအညီလိုအပ်နေ

အိုင့်ဒိုင်ကျေးရွာရှိ အိမ်မီးရှို့ခံရသော ပြည်သူများမှာ အကူအညီများလိုအပ်လျက်ရှိနေကြောင်း၊ ပြည်သူများအတွက် လှူဒါန်းလိုပါက မင်းကွန်း တိုက်နယ် – သတင်းမှန်ပြန်ကြားရေး page messenger မှတဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

မီးလောင်ကျွမ်းပျက်စီးခဲ့သော အိုင့်ဒိုင်ကျေးရွာနေအိမ်များ၊ဓာတ်ပုံ-မင်းကွန်းတိုက်နယ် - သတင်းမှန်ပြန်ကြားရေး
မီးလောင်ကျွမ်းပျက်စီးခဲ့သော အိုင့်ဒိုင်ကျေးရွာနေအိမ်များ၊ဓာတ်ပုံ-မင်းကွန်းတိုက်နယ် - သတင်းမှန်ပြန်ကြားရေး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အိုင့်ဒိုင်ကျေးရွာတွင် စစ်ကောင်စီတပ်​၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၄လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာ၁၅ ရက်က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်များရှိ ဧရာဝတီမြစ်ဘေး ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် မြစ်တစ်ဖက်ကမ်းရှိ မတ္တရာမြို့နယ်၊ အိုင့်ဒိုင်ကျေးရွာကိုပါ ဝင်ရောက်ဖျက် ဆီးမီးရှို့ခဲ့ရာ နေအိမ်၂၄လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မီးလောင်ကျွမ်းပျက်စီးခဲ့သော အိုင့်ဒိုင်ကျေးရွာနေအိမ်များ၊ဓာတ်ပုံ-မင်းကွန်းတိုက်နယ် - သတင်းမှန်ပြန်ကြားရေး
မီးလောင်ကျွမ်းပျက်စီးခဲ့သော အိုင့်ဒိုင်ကျေးရွာနေအိမ်များ၊ဓာတ်ပုံ-မင်းကွန်းတိုက်နယ် – သတင်းမှန်ပြန်ကြားရေး

“မီးအရှို့မခံရတဲ့ အိမ်တွေကျတော့လည်း ပစ္စည်းတွေ မွှေနှောက်ခိုးယူဖျက်ဆီးသွားတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။

အိုင့်ဒိုင်ကျေးရွာရှိ အိမ်မီးရှို့ခံရသော ပြည်သူများမှာ အကူအညီများလိုအပ်လျက်ရှိနေကြောင်း၊ ပြည်သူများအတွက် လှူဒါန်းလိုပါက မင်းကွန်း တိုက်နယ် – သတင်းမှန်ပြန်ကြားရေး page messenger မှတဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မတ္တရာမြို့နယ်နှင့် ဧရာဝတီမြစ်အတွင်း ကျွန်းပေါ်ကျေးရွာနှင့် မြစ်ဘေးကျေးရွာများသည် စစ်ကောင်စီတပ် စစ်ကြောင်းထိုးပစ်ခတ်ဖမ်းဆီးမှုများ မကြာခဏ ကြုံတွေ့နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

Facebook