Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် မတ္တရာနယ် အိုင့်ဒိုင်ရွာ အကူအညီလိုအပ်နေ

အိုင့်ဒိုင်ကျေးရွာရှိ အိမ်မီးရှို့ခံရသော ပြည်သူများမှာ အကူအညီများလိုအပ်လျက်ရှိနေကြောင်း၊ ပြည်သူများအတွက် လှူဒါန်းလိုပါက မင်းကွန်း တိုက်နယ် – သတင်းမှန်ပြန်ကြားရေး page messenger မှတဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

မီးလောင်ကျွမ်းပျက်စီးခဲ့သော အိုင့်ဒိုင်ကျေးရွာနေအိမ်များ၊ဓာတ်ပုံ-မင်းကွန်းတိုက်နယ် - သတင်းမှန်ပြန်ကြားရေး
မီးလောင်ကျွမ်းပျက်စီးခဲ့သော အိုင့်ဒိုင်ကျေးရွာနေအိမ်များ၊ဓာတ်ပုံ-မင်းကွန်းတိုက်နယ် - သတင်းမှန်ပြန်ကြားရေး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အိုင့်ဒိုင်ကျေးရွာတွင် စစ်ကောင်စီတပ်​၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၄လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာ၁၅ ရက်က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်များရှိ ဧရာဝတီမြစ်ဘေး ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် မြစ်တစ်ဖက်ကမ်းရှိ မတ္တရာမြို့နယ်၊ အိုင့်ဒိုင်ကျေးရွာကိုပါ ဝင်ရောက်ဖျက် ဆီးမီးရှို့ခဲ့ရာ နေအိမ်၂၄လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မီးလောင်ကျွမ်းပျက်စီးခဲ့သော အိုင့်ဒိုင်ကျေးရွာနေအိမ်များ၊ဓာတ်ပုံ-မင်းကွန်းတိုက်နယ် - သတင်းမှန်ပြန်ကြားရေး
မီးလောင်ကျွမ်းပျက်စီးခဲ့သော အိုင့်ဒိုင်ကျေးရွာနေအိမ်များ၊ဓာတ်ပုံ-မင်းကွန်းတိုက်နယ် – သတင်းမှန်ပြန်ကြားရေး

“မီးအရှို့မခံရတဲ့ အိမ်တွေကျတော့လည်း ပစ္စည်းတွေ မွှေနှောက်ခိုးယူဖျက်ဆီးသွားတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။

အိုင့်ဒိုင်ကျေးရွာရှိ အိမ်မီးရှို့ခံရသော ပြည်သူများမှာ အကူအညီများလိုအပ်လျက်ရှိနေကြောင်း၊ ပြည်သူများအတွက် လှူဒါန်းလိုပါက မင်းကွန်း တိုက်နယ် – သတင်းမှန်ပြန်ကြားရေး page messenger မှတဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မတ္တရာမြို့နယ်နှင့် ဧရာဝတီမြစ်အတွင်း ကျွန်းပေါ်ကျေးရွာနှင့် မြစ်ဘေးကျေးရွာများသည် စစ်ကောင်စီတပ် စစ်ကြောင်းထိုးပစ်ခတ်ဖမ်းဆီးမှုများ မကြာခဏ ကြုံတွေ့နေရသည်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ သုံးရက်တာမြန်မာနိုင်ငံခရီးစဥ်မှာ စစ်ရှောင် မိသားစု ၁၁၀၀၀ ဝန်းကျင်အတွက် လူသားချင်း စာနာမှု အကူအညီတွေ ဖြန့်ဝေမှု အစီအစဉ်ကို အစပြုပေးခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်က ရေလည်ကျွန်းကျေးရွာတွေဟာ အရေးပေါ်ပြောင်းရွှေ့မှုတွေပြုလုပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲသွားတာ ကြောင့် ဒေသခံ အမျိုးသမီး၂ဦး သေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။