Connect with us

Hi, what are you looking for?

သတင်း

ဗဟင်းစခန်းမှဆုတ်ခွာလာသည့် စစ်အုပ်စုအား စစ်ကားဖြင့် မြိုင်မြို့အဝင်၌လာကြိုစဥ် တိုက်ခိုက်

ဗဟင်းရဲစခန်းနှင့်ကျေးရွာအား မီးရှို့ပြီးထွက်လာသော စစ်ကောင်စီတပ်နှင့်ရဲများသည် မြိုင်မြို့အနောက်ဘက် ၄ဖာလုံခန့်အကွာရှိ ကြောင်ကန် ကျေးရွာသို့ ယမန်နေ့ (နိုဝင်ဘာလ ၂၃ ရက်) ညနေ၄နာရီ ၄၅မိနစ်အချိန်က ရောက်ရှိလာခဲ့သည်။

စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် မြိုင်(ပကဖ) ရဲဘော်များ
စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် မြိုင်(ပကဖ) ရဲဘော်များ

မကွေးတိုင်း၊ မြိုင်မြို့နယ် ဗဟင်းကျေးရွာမှ ဆုတ်ခွာလာသည့် စစ်အုပ်စုနှင့်ရဲများအား မြိုင် မြို့အဝင်အနီး၌ မြို့ပေါ်စစ်ကောင်စီတပ်က ကားဖြင့်လာကြိုစဥ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ရဲ ၁၂ ဦးသေဆုံးကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလင်္ယျာက ပြောကြားသည်။

ဗဟင်းရဲစခန်းနှင့်ကျေးရွာအား မီးရှို့ပြီးထွက်လာသော စစ်ကောင်စီတပ်နှင့်ရဲများသည် မြိုင်မြို့အနောက်ဘက် ၄ဖာလုံခန့်အကွာရှိ ကြောင်ကန် ကျေးရွာသို့ ယမန်နေ့ (နိုဝင်ဘာလ ၂၃ ရက်) ညနေ၄နာရီ ၄၅မိနစ်အချိန်က ရောက်ရှိလာခဲ့သည်။

ထိုအဖွဲ့ကို မြိုင်ဘက်မှကားများဖြင့်လာကြိုသော စစ်ကြောင်းအား ပေပါမိုင်း၂လုံးရှေ့ထွက်ပြောင်း ၆လုံးဖြင့် တိုက်ခိုက်ရာ လာကြိုသောကားမှာ မိုင်းထိ၍မောင်းနှင်မရတော့ဘဲ စစ်သားနှင့်ရဲ ၁၂ ဦးသေဆုံးကာ ထိခိုက်​ဒဏ်ရာ အများအပြား ရရှိသွားခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလင်္ယျာက ပြောကြားသည်။

Public Service Announcement
Public Service Announcement

“ကြောင်ကန်ဆိုရင် မြိုင်မြို့ထဲဝင်သလိုပဲ။ ကြောင်ကန်နဲ့မြိုင်က ကပ်လျက်။ သူတို့ကိုကားနှစ်စီးနဲ့လာကြိုတယ်။ မိသားစုတွေပါတဲ့ကားက မကွဲလိုက်ဘူး။ နောက်အစီးက သူတို့မတက်သေးခင်ကို ပေပါမိုင်းက အဲဒီအနီးမှာရှိတယ်။ ပေပါမိုင်း နှစ်လုံး ခွဲပြီးတော့မှ ရှေ့ထွက်ပြောင်း ၆ လုံးနဲ့ဆွဲလိုက်တာ။ကားကတော့ လုံးဝမောင်းလို့မရဘူး။ ထားသွားရတာ။”ဟု မြိုင်(ပကဖ) အဖွဲ့ခေါင်းဆောင် ကိုလင်္ယျာက ပြောကြားသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုသည် မိုင်းထိရာအနီးရှိ ကြောင်ကန် ကျေးရွာကို ညနေ ၅နာရီ မိနစ်၄၀ခန့်ကစ၍ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်၆လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း မြိုင်ပကဖအဖွဲ့က ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်များကို နိုဝင်ဘာ၂၂ ရက် ညနေ ၄ နာရီခွဲခန့်ကလည်း မြိုင်မြို့နယ်အနောက်ပိုင်း ဘောင့်ဘင်ရွာနှင့် ယာကြီးပြင်ရွာအကြား ယာကြီးပြင်ရွာ၏အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။