Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ် မူးကြီးရွာ စစ်ကောင်စီတပ်မီးရှို့၍ နေအိမ် ၁၅၀ခန့် ပြာကျပြီး အဘွားအိုတစ်ဦး မီးလောင်သေဆုံး

မူးကြီးကျေးရွာသည် နေအိမ် ၄၀၀ ဝန်းကျင်ရှိပြီး ခန့်မှန်းခြေ နေအိမ် ၁၅၀ခန့်မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ အဘွားအိုတစ်ဦးမှာ ထွက်မပြေးနိုင်၍ မီး​လောင်သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

မူးကြီးကျေးရွာ လူနေအိမ်များ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-GZ Special Task Force - Wetlet
မူးကြီးကျေးရွာ လူနေအိမ်များ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-GZ Special Task Force - Wetlet

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ မူးကြီးကျေးရွာအား စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်၁၅၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး အဘွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မူးကြီးကျေးရွာ လူနေအိမ်များ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-GZ Special Task Force - Wetlet
မူးကြီးကျေးရွာ လူနေအိမ်များ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-GZ Special Task Force – Wetlet

ယမန်နေ့(နိုဝင်ဘာ၂၄ ရက်) မွန်းလွဲ ၁နာရီဝန်းကျင်က ဝက်လက်မြို့နယ်၊ မူးကြီးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ကြောင်း၊ အဆိုပါစစ်ကောင်စီတပ်သည် မီးရှို့ဖျက်ဆီးပြီးနော​က် ညနေ ၅နာရီခန့်တွင် ဝက်လက်မြို့ပေါ်သို့ ပြန်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

မူးကြီးကျေးရွာသည် နေအိမ် ၄၀၀ ဝန်းကျင်ရှိပြီး ခန့်မှန်းခြေ နေအိမ် ၁၅၀ခန့်မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ အဘွားအိုတစ်ဦးမှာ ထွက်မပြေးနိုင်၍ မီး​လောင်သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

မူးကြီးကျေးရွာ လူနေအိမ်များ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-GZ Special Task Force - Wetlet
မူးကြီးကျေးရွာ လူနေအိမ်များ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-GZ Special Task Force – Wetlet

“အိမ်ကြီးအိမ်ကောင်းတွေရော တော်တော်များပါတယ်။ အဖွားအိုတစ်ယောက် မီးထဲပါသွားပြီး။ အဘိုးအိုကြီးတစ်‌ယောက်ကတော့ ကာကွယ်ရေးအဖွဲ့က ရဲဘော်တစ်ဦးက ကယ်ဆယ်ခဲ့ပါတယ်။ ကျွဲ ၊ နွားတွေလည်း မီးထဲပါသွားပါတယ်။”ဟု GZ Special Task Force – Wetlet အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

မူးကြီးကျေးရွာ လူနေအိမ်များ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-GZ Special Task Force - Wetlet
မူးကြီးကျေးရွာ လူနေအိမ်များ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-GZ Special Task Force – Wetlet

စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေပြီး နိုဝင်ဘာ ၁၃ ရက်ကလည်း ထန်းကြီးကျေးရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့၍ နေအိမ်ပေါင်း ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။