Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ်တွင် စစ်ကောင်စီတပ်က နေအိမ်များ မီးရှို့ဖျက်ဆီး

ကန့်ဘလူနယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး လှည့်ပတ်နေခြင်းကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး ကျန်းမာရေး အခက်အခဲများစွာ ကြုံနေကြရသည်ဟု ဆိုသည်။

ကိုးတောင်ဘို့နယ် ချပ်သင်းရွာမှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ကိုးတောင်ဘို့နယ် ချပ်သင်းရွာမှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

▪️ပစ္စည်းယူသည့်အပြင် မိုင်းထားထောင်း၍ ဒေသခံများ မိုင်းအန္တရာယ်စိုးရိမ်နေရ

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယနေ့(နိုဝင်ဘာ ၂၆ရက်) နံနက်တွင် ချပ်ကုန်းကျေးရွာသို့ ဝင်ရောက်မွှေနှောက် လျက်ရှိကြောင်း ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထုတ်ပြန်သည်။

ကျေးရွာများသို့ စစ်ကြောင်းထိုးပြီး ကိုးထောင်ဘို့ရွာ၌ ပြန်ဝင်သည်မှာ ၂ရက်သာရှိသော အဆိုပါ စစ်ကြောင်းသည် ယနေ့ နံနက် ၈နာရီခန့်တွင် အင်အား ၅၃ဦးဖြင့် မိဿလင်ကုန်းမှ စပါးတင်သည့်ကားတစ်စီးအား ချောဆွဲသွားကာ ချပ်ကုန်းရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်မွှေနှောက်နေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကိုးတောင်ဘို့နယ် ချပ်သင်းရွာမှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ကိုးတောင်ဘို့နယ် ချပ်သင်းရွာမှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

“အဲ့ဒီစစ်ကြောင်းက ကိုးတောင်ဘို့ပြန်ဝင်လဲ ၂ရက်/၃ ရက်က အကြာဆုံးပဲ။ ပြီးရင် ပြန်ထွက် ပတ်မွှေ၊ခိုးယူပြီးပြန်တယ်။ အခုက ကုန်တင်ကားပါ ချောဆွဲလာတာဆိုတော့ ရွာထဲမှာရှိတဲ့ သူတို့လိုချင်တာမှန်သမျှ သယ်မယ့် သဘောရှိတယ်ဗျ၊ရိက္ခာလဲ အထက်ကချပေး ပုံမပေါ်ပါဘူး၊တစ်ရွာဝင်တစ်ရွာထွက် ခိုးယူလုယက်ပြီး အိမ်တွေမီးရှို့တာ၊မိုင်းထောင် တာတွေလုပ်ကြတယ်။အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်သွားတာမြင်ရတာ လူ့ခန္ဓာကိုယ်နဲ့ လူစိတ်ပျောက်နေတဲ့ သရဲဘီးလူးတွေလို့တောင် မြင်မိတယ်၊ကျုပ်တို့ပြည်သူတွေက သူတို့မြင်ရင် ကြောက်စိတ်ထက် ‌ရွံရှာစိတ်ကပိုများတယ်”ဟု ကိုးတောင်ဘို့တိုက်နယ်မှ ပြည်သူတစ်ဦး၏ ပြောကြားချက်ကို ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက် လာ၍ ချပ်ကုန်း၊ကိုင်းမ၊ရှားချောင်း၊မိဿလင်ကုန်း၊ နှောကုန်း၊ဇီးကနားနှင့် လျှော်ဖြူကုန်းရွာ (၇)ရွာမှ အပြစ်မဲ့ပြည်သူ ထောင်ချီ အိုးအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဆိုသည်။

ကိုးတောင်ဘို့နယ် ချပ်သင်းရွာမှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ကိုးတောင်ဘို့နယ် ချပ်သင်းရွာမှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

နိုဝင်ဘာ ၁၃ရက်ကလည်း စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ် ပင့်သာရွာအား မီးရှို့ဖျက်ဆီးပြီး ရွာ၌ မြေမြှုပ်မိုင်း ထောင်ထားခဲ့သည်။ နိုဝင်ဘာ ၁၇ရက်တွင် ပင့်သာရွာခံ အမျိုးသားတစ်ဦးမိုင်းနင်းမိပြီး နိုဝင်ဘာ ၂၃ရက်တွင်လည်းမိုင်းတစ်လုံး ထပ်မံ တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ကိုးတောင်ဘို့နယ် ချပ်သင်းရွာမှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ကိုးတောင်ဘို့နယ် ချပ်သင်းရွာမှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

“စစ်ကြောင်းလာရင် သူတို့ မမြင်နိုင်အောင် လွတ် ရာ ကျွတ်ရာပြေးကြရာ ဘာရိက္ခာမှ ကျုပ်တို့ မသယ်နိုင်ဘူး။ အသက်ဘေးလွတ်ဖို့ပဲ တွေးကြတယ်။ ရှိတာ အကုန် ပစ်ချထားခဲ့ကြတာ။ အခု စစ်တပ်လုပ်ပုံက ကျုပ်တို့ရွာထဲ ရှိသမျှ တန်ဖိုးကြီး ပစ္စည်းတွေကို မွှေနှောက်ရှာဖွေ ခိုးယူတယ်။ ကြက်၊ ဝက် သတ်စားတယ်။ အိမ်တွေမီးရှို့ဖျက် ဆီးတယ်။ ဖမ်းမိတဲ့သူတွေကို ဘာသနားညှာတာစိတ်မှ မရှိဘူး ရက်ရက်စက်စက်သတ်ပစ်ကြတယ်။ ကောင်းကင်တက်လာတဲ့ မီးခိုးလုံးကြည့်ပြီး ငါတို့ အိမ်လေးတွေ မီးထဲ မပါပါစေနဲ့လို့ ဆုတောင်းနေရတဲ့ဘ၀တွေဗျ။ ကျုပ်တို့မှာ စစ်ကြောင်း ထွက်သွားတောင် ၄၊၅ရက် နေလို့ ရွာထဲ ပြန်မဝင်ရဲဘူး။ အခုရွာထဲ ပြန်ဝင်ပြန်တော့လည်း စစ်တပ်က ထောင်ခဲ့တဲ့ မိုင်းအန္တရာယ်ကို ကျုပ်တို့ရွာသားတွေ ကြောက်နေရပြန်ပြီ” ဟု ပင့်သာရွာခံတစ်ဦး၏ ပြောကြားချက်ကိုလည်း ဖော်ပြထားသည်။