Connect with us

Hi, what are you looking for?

သတင်း

ရွာလုံးကျွတ်နီးပါးမီးလောင်ခဲ့သည့် အင်ကြင်းကုန်းရွာမှ ကျန်နေသည့် အိမ်အချို့ကို စစ်ကောင်စီတပ်မီးထပ်ရှို့

ဆူးပုတ်ချောင်ရွာကို စစ်ကောင်စီတပ် မီးရှို့ပြီးနောက် နိုဝင်ဘာ ၂၇ရက်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့်တိုက်ခိုက်ခဲ့သည်။

(စစ်​ကောင်စီတပ်က မီးရှို့၍ အင်ကြင်းကုန်းရွာ မီး​လောင်​နေသည့်ကိုနိုဝင်ဘာ ၂၉ နံနက်တွင်​တွေ့ရစဥ်။ဓါတ်ပုံ-TR)
(စစ်​ကောင်စီတပ်က မီးရှို့၍ အင်ကြင်းကုန်းရွာ မီး​လောင်​နေသည့်ကိုနိုဝင်ဘာ ၂၉ နံနက်တွင်​တွေ့ရစဥ်။ဓါတ်ပုံ-TR)

စစ်ကောင်စီတပ်က ထီးချိုင့်မြို့နယ်ကို စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးလျက်ရှိရာ ယမန်နေ့က အင်ကြင်းကုန်းကျေးရွာ နှင့် အလယ်တောရွာ မီးရှို့ခံခဲ့ရပြီး ယနေ့မနက်တွင် အင်ကြင်းကုန်းရွာကို ထပ်မံ မီးရှို့နေကြောင်း ဒေသခံက ပြောသည်။

“အခုနောက်ထပ်တစ်ရွာကိုထပ်ရှို့ဖို့ သူတို့ ထပ်ထွက်နေပါပြီ။ အင်းတိမ်ဆိုတဲ့ရွာကို ဦးတည်နေပါပြီ။ မနေ့ကတော့ အင်ကြင်းကုန်းရွာကတော့ ရွာလုံးကျွတ်ပါပဲ။ အခုမနက်တင်ကို ကျန်တဲ့အိမ်ကို ထပ်ရှို့နေပါတယ်။ အလယ်တောကတော့မသိရသေးပါဘူး။ အလယ်တောမှာလည်း သူတို့ ရှိနေတဲ့အတွက်။ အင်ကြင်းကုန်းကို သူတို့ ထပ်ရှို့ပြီး အင်းတိန်ရွာဘက်ကို ဆက်လက်ပြီး ထွက်ခွာနေပါပြီ အဲဒီ မီးရှို့တပ်ဖွဲ့ကြီးက” ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

နိုဝင်ဘာ ၂၅ရက်ကလည်း ထီးချိုင့်မြို့နယ် ဆူးပုတ်ချောင်ရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ အိမ်ခြေ ၃၅ လုံးထက်မနည်း ပျက်စီးခဲ့သည်။

ဆူးပုတ်ချောင်ရွာကို စစ်ကောင်စီတပ် မီးရှို့ပြီးနောက် နိုဝင်ဘာ ၂၇ရက်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုကို နိုဝင်ဘာ ၂၇ရက်နှင့် ၂၈ရက်တို့တွင် နှစ်ရက်ဆက်ပြုလုပ်ခဲ့ရာ ဒေသခံ ကာကွယ်ရေးရဲဘော်အချို့နှင့် အရပ်သားအချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ ကြီးကြီးမားမားရင်ဆိုင်တိုက်ပွဲကတော့ အင်ကြင်းကုန်းကို မပေးရခင်အထိတော့ ဝိုင်းပြီးတိုက်ကြတယ်။ အခုကြတော့ ပေးလိုက်ရတဲ့အခါကျတော့ တော်တော်လေး ဆုတ်ခွာထားပေးရတဲ့ အနေအထားဖြစ်နေတဲ့အခါကျတော့ သူတို့ လုပ်ချင်တိုင်း လုပ်နေရပါတယ်ဗျ” ဟု ဒေသခံက ပြောသည်။

ထီးချိုင့်နယ်ကို ဝင်လာသည့် စစ်ကြောင်း ၂ ကြောင်းဖြစ်ပြီး လက်ရှိတွင် စစ်ကြောင်း နှစ်ခု ပေါင်းသွားရာ အင်အား ၁၈၀ ကျော်ရှိနိုင်သည်ဟု ဒေသခံကခန်မှန်းသည်။

စစ်ကောင်စီတပ်သည် ထီးချိုင့်အပါအဝင် စစ်ကိုင်းတိုင်းရှိ မြို့နယ်များမှ ကျေးရွာများသို့ စစ်ကြောင်းထိုးပြီး ပြည်သူလူထုနေအိမ်များ၊ စပါးကျီကို အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးမှုများဆက်တိုက်ပြုလုပ်​နေသည်။ထို့အပြင်အရပ်သားပြည်သူများကိုဖမ်းဆီးသတ်ဖြတ်ခြင်းများလည်းဆက်တိုက် ကျူးလွန်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook