Connect with us

Hi, what are you looking for?

သတင်း

ယောနယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ ပြည်သူများ သတိနှင့်နေထိုင်သွားလာကြရန် PDFများ သတိပေး

စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်အတွင်း နိုဝင်ဘာ ၃ဝရက်က စတင်စစ်ကြောင်းထိုးလာပြီး ဒီဇင်ဘာ ၁ရက်တွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

ယောနယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ ပြည်သူများ သတိနှင့်နေထိုင်သွားလာကြရန် PDFများ သတိပေး
ယောနယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ ပြည်သူများ သတိနှင့်နေထိုင်သွားလာကြရန် PDFများ သတိပေး

မကွေးတိုင်း ယောနယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်း အရှိန်မြှင့်စစ်ကြောင်းထိုးလာ၍ ပြည်သူများအနေဖြင့်သတိနှင့်နေထိုင်သွားလာကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကသတိပေးပြီး ယမန်နေ့က စစ်ကြောင်းကြောင့် ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရကာ အိမ်မွေးတိရိစ္တာန်အချို့ သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်အတွင်း နိုဝင်ဘာ ၃ဝရက်က စတင်စစ်ကြောင်းထိုးလာပြီး ဒီဇင်ဘာ ၁ရက်တွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

ဂန့်ဂေါမြို့နယ်ရှိ တောင်ယာပြင်ရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အပြစ်မဲ့ဒေသခံများ၏ နေအိမ်အများအပြားပျက်စီးခဲ့သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော နှမ်းခါးရွာလူငယ်အဖွဲ့က ထုတ်ပြန်သည်။ထို့အပြင် ပြည်သူနှစ်ဦးဒဏ်ရာရခဲ့ပြီး နွားတစ်ကောင်သေဆုံးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းတစ်ကြောင်းမှာ ကျောက်ထုမြို့နယ်သို့လည်း ဒီဇင်ဘာ ၁ရက်က ရောက်ရှိလာသည်ဟု The Youth Force (Saw&Kyaukhtu) တပ်ရင်းတစ်ခုမှ တပ်ရင်းမှူးတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“အင်အားက ၈ဝလောက်ရှိတယ်။ရွာစပ်တောထဲမှာပျောက်သွားတယ်”ဟု လတ်တလောအခြေအနေကို အထက်ပါတပ်ရင်းမှူးက ဆိုသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ကျောက်ထုမြို့နယ် တေးကျေးရွာအနီးတွင် ပျောက်သွားပြီး ယနေ့(ဒီဇင်ဘာ ၂ရက်)နံနက်အထိ တပ်ဖျောက်နေသည်ဟု သိရသည်။

ဂန့်ဂေါနယ်ကို ရောက်ရှိနေသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ကျောက်ထုနှင့်ဆောမြို့နယ်ဖက်သို့ ဆက်လက်စစ်ကြောင်းထိုးနိုင်ခြေရှိသည်ဟု ဂန့်ဂေါအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က သတိပေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။