Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းဝန်ကြီးချုပ်ထံ ထောင်ဝင်စာပါဆယ်ပို့ခွင့် စစ်ကောင်စီကန့်သတ်

ထောင်ဝင်စာပါဆယ်ပို့ခွင့်ပြုတဲ့ ပမာဏကို ကန့်သတ်လိုက်ပေမယ့် ဆေးဝါးပို့ခွင့်ကိုတော့ စစ်ကောင်စီက ဆက်ခွင့်ပြုထားတယ်လို့သိရပါတယ်။

ဓာတ်ပုံ − ဝီကီ
ဓာတ်ပုံ − ဝီကီ

မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးအကျဉ်းချထားတဲ့ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ထံ ထောင်ဝင်စာ ပါဆယ်ပေးပို့တဲ့ပမာဏ ကန့်သတ်ခံလိုက်ရတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေထံက စုံစမ်းသိရပါတယ်။

အရင်က ၂ ပတ် ၁ ကြိမ် ထောင်ဝင်စာ ပါဆယ် အထုပ် ၂ ထုပ် ပေးပို့ခွင့်ရခဲ့ပေမယ့် အခုလ ဒီဇင်ဘာလ လဆန်းပိုင်းကစတင်ပြီး ၁ကြိမ်ကို ပါဆယ် ၁ ထုပ်သာ ပို့ခွင့်ပေးတော့တာပါ။

ထောင်ဝင်စာပါဆယ်ပို့ခွင့်ပြုတဲ့ ပမာဏကို ကန့်သတ်လိုက်ပေမယ့် ဆေးဝါးပို့ခွင့်ကိုတော့ စစ်ကောင်စီက ဆက်ခွင့်ပြုထားတယ်လို့သိရပါတယ်။

အသက် ၇၀ အရွယ် သွေးကင်ဆာဝေဒနာသည် ဖြစ်သူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းကတည်းက စစ်ကောင်စီက ဖမ်းဆီးထားတာပါ။

Public Service Announcement

Public Service Announcement

လက်ရှိမှာ အမှုပေါင်း ၉ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ်ချထားပါတယ်။

ဒါအပြင် ဒေါက်တာဇော်မြင့်မောင်ကို အကျဉ်းချထားရာ တိုက်ကနေ အဆောင်အပြင်ဘက် သွားလာတာကိုလည်း ထောင်အာဏာပိုင်တွေကကန့်သတ်လိုက်တယ်လို့သိရပါတယ်။

အိုးဘိုထောင်ထဲမှာ NLD မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်တွေကိုစစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတာပါ။ အဲဒီအထဲက အချို့ကို ပြီးခဲ့တဲ့လပိုင်းက ပြန်လွှတ်တာတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် လူထုထောက်ခံမှုရှိတဲ့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို တော့လွတ်ရက်စေ့ပေမယ့် ပြန်မလွှတ်ဘဲ ပုဒ်မထပ်တိုးကာ ဆက်ချုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။