Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့နယ်တွင် နယ်ထိန်းရဲတစ်ဦး နေအိမ်ရှိ စစ်ကောင်စီတပ်သားများကို ဝင်ရောက်ပစ်ခတ်၊ ကားတစ်စီးပျက်စီးကာ တစ်ဦးထိမှန်

တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရဲဝင်းထွန်း၏တိုက်အိမ်နှင့် ကားတစ်စီးပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

(ကလိန်အောင်ရဲစခန်းမှ နယ်ထိန်းရဲ တပ်ကြပ်ကြီး ရဲဝင်းထွန်းအား တွေ့ရစဉ်)
(ကလိန်အောင်ရဲစခန်းမှ နယ်ထိန်းရဲ တပ်ကြပ်ကြီး ရဲဝင်းထွန်းအား တွေ့ရစဉ်)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ရှိ နယ်ထိန်းရဲတပ်ကြပ်ကြီးတစ်ဦး၏နေအိမ်တွင် ကင်းပုန်းချထားသော စစ်ကောင်စီတပ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Spring Dhamma PDF (KLA)က ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၀)ည ၇ နာရီခန့်က ကလိန်အောင် မြို့ အမှတ် (၂)ရပ်ကွက်ရှိ စစ်ကောင်စီလက်ပါးစေ ရဲတပ်ကြပ်ကြီး ရဲဝင်းထွန်း၏ နေအိမ်အား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ချိန်တွင် ရဲဝင်းထွန်းသည် နေအိမ်၌ရှိမနေဘဲ အပြင်းသွားနေ၍ ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းနှင့်လုပ်ဖော်ကိုင်ဖက်ရဲတစ်ဦးသာ ထိခိုက်မှုရှိခဲ့ကြောင်း Spring Dhamma PDF (KLA) က ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ပြန် လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဘဲ စစ်ကောင်စီတပ်ဘက်မှ ထိ ခိုက်ဒဏ်ရာရသွားသူတစ်ဦးမှာ ကလိန်အောင်ဆေးရုံမှတဆင့် ထားဝယ်ဆေးရုံသို့ ပို့လိုက်ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရဲဝင်းထွန်း၏တိုက်အိမ်နှင့် ကားတစ်စီးပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

နေအိမ်အထိ လာရောက်ပစ်ခတ်တိုက်ခိုက်ခံရသော စစ်ကောင်စီရဲတပ်ကြပ်ကြီး ရဲဝင်းထွန်းဆိုသူသည် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ တရားမဝင်လောင်းကစားဝိုင်းများမှ လစဥ်ကြေးကောက်ခံ၍ စီးပွားရှာခြင်းတို့ကြောင့် မြို့ပေါ်၌ နာမည်ဆိုးဖြင့် ကျော်ကြားသူတစ်ဦးဖြစ်ကြောင်း မြို့ခံများက ပြောဆိုကြသည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook