Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ်တွင် ကင်းလှည့်နေသော စစ်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပျူ နှစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း တန့်ဆည်(ပကဖ)သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်ဆင်ရေးတစ်ခု သွားရောက်နေသည့် တန့်ဆည်ပကဖရဲဘော်များအား တွေ့ရစဥ်၊ဓာတ်ပုံ-တန့်ဆည်(ပကဖ)
စစ်ဆင်ရေးတစ်ခု သွားရောက်နေသည့် တန့်ဆည်ပကဖရဲဘော်များအား တွေ့ရစဥ်၊ဓာတ်ပုံ-တန့်ဆည်(ပကဖ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများအား တိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၁ ရက်) နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က တန့်ဆည်မြို့နယ်၊ ဘေရင်းရွာသစ်အတွင်း စစ်ကောင်စီတပ်နှင့်ပျူများ ကင်းလှည့်လာစဥ် ပ.က.ဖ အဖွဲ့က တိုက်မိုင်း နှစ်ကြိမ်ခွဲကာ တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပျူ နှစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း တန့်ဆည်(ပကဖ)သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

” မိုင်းတွေက တိုက်မိုင်းနှစ်လုံးထောင်ထားတာ။ မနက်ခင်းစောစောပိုင်းကို ကင်းလှည့်တာခေါ်မှာပေါ့။ တစ်ပွိုင့်ပဲမိတာ။”ဟု ၎င်းတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒီဇင်ဘာ၄ရက်နှင့်၅ရက်က သာဂေါင်ကြီးရွာရှိ နေအိမ် ၇၆လုံး၊ ကမ်းဖြူရွာရှိ နေအိမ် ၄၀လုံး၊ ဝက်တိုးရွာရှိ နေအိမ် ၁၇ လုံးနှင့် ပုတီးကျေးရွာရှိနေအိမ် ၆ လုံး စုစုပေါင်း ၁၃၉ လုံး ထပ်မံမီးရှို့ဖျက်ဆီးသွားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တန့်ဆည်မြို့နယ်တွင် ရွာလုံးကျွတ်မီးရှို့ခံရသောကျေးရွာ ၇ ရွာအပါအဝင် ကျေးရွာ ၇၄ ရွာမှ နေအိမ်ပေါင်း ၂,၅၀၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

နေအိမ် အလုံး ၃၀၀ကို အိမ်တိုင်များလှီးဖြတ်ခြင်းကဲ့သို့ ဖျက်ဆီးခြင်းခံခဲ့ရသည်။ သာသနိကအဆောက်အဦး ၉ လုံး၊ ကျေးရွာစာကြည့်တိုက် တစ်ခုနှင့် ဆေးခန်းတစ်ခုလည်းမီးရှို့ဖျက်ဆီး ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။