Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ်တွင် စစ်အုပ်စုအား နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်

စစ်ဆင်ရေးကို လျှပ်တစ်ပြက်စွန်ညို ပျောက်ကြားတပ်ဖွဲ့၊ B.C အထူးပြောက်ကျားတပ်ဖွဲ့၊ CHU တပ်ခွဲ(၃)၊ ဗိုလ်နေတိုး (BNT)၊ MS PDF အဖွဲ့တို့ ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

(မြောင်မြို့နယ် ချောင်းဆင်းနဲ့ပေါက်ချောင်းရွာကြားတွင် ဖြတ်သန်းသွားလာသော စစ်ကောင်စီတပ်ယာဥ်တစ်စီးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မြောင်မြို့နယ် ချောင်းဆင်းနဲ့ပေါက်ချောင်းရွာကြားတွင် ဖြတ်သန်းသွားလာသော စစ်ကောင်စီတပ်ယာဥ်တစ်စီးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ဆွဲလွဲအိုရွာနှင့် နဘတ်ကျေးရွာကြား စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်အား နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း လျှပ်တစ်ပြက်စွန်ညို ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၁၄ ရက်) ည ၁၀နာရီခွဲခန့်က မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာတွင်းမှ နဘတ်ကျေးရွာဘက်သို့ဦးတည်ထွက်လာသော စစ်အုပ်စုအား အဆိုပါ ကျေးရွာ ကြား၌ ရှေ့ထွက်မိုင်း နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လျှပ်တစ်ပြက်စွန်ညို ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ယနေ့(ဒီဇင်ဘာ ၁၅ ရက်)နံနက် ၁၁ နာရီခွဲခန့်ကလည်း ဆွဲလွဲအိုရွာမှ နဘတ်ကျေးရွာသို့ ထိုးစစ်ဆင်လာသော စစ်ကြောင်းအား မိုင်းကွင်းပေါ်ဖြတ်နေစဥ် မွမ်းမံပြုလုပ်ထားသော ပေါက်ကွဲအားမြင့် မိုင်းပဒေသာ သုံးလုံးတွဲဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း လျှပ်တစ်ပြက်စွန်ညို ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

အဆိုပါဖြစ်စဥ် နှစ်ခုဆောင်ရွက်ရာတွင် ဖောက်ခွဲရေး ဖုန်း နှစ်လုံး နှင့်အတူ ဘက်ထရီအိုး နှစ်လုံးဆုံးရှုံးခဲ့ကြောင်း၊ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူနှင့် အသေအပျောက်များရှိကြောင်း လျှပ်တစ်ပြက်စွန်ညို ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးကို လျှပ်တစ်ပြက်စွန်ညို ပျောက်ကြားတပ်ဖွဲ့၊ B.C အထူးပြောက်ကျားတပ်ဖွဲ့၊ CHU တပ်ခွဲ(၃)၊ ဗိုလ်နေတိုး (BNT)၊ MS PDF အဖွဲ့တို့ ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ လျှပ်တစ်ပြက်စွန်ညို ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူအချို့၊ မိတ်ဆွေအချို့ကပြောပါတယ်။