Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့အဝင်တွင် ယနေ့မနက် တိုက်ပွဲဖြစ်ပွား

ဒေသခံများ၏ ပြောဆိုချက်အရ မြ၀တီ-ကော့ကရိတ်အာရှလမ်းမပေါ်ရှိသော စစ်ကောင်စီ၏ တံတားကျိုးစစ်ဆေးရေးဂိတ်နှင့် အနီးအနားရှိ စစ်ကောင်စီတပ်ရင်းကို တော်လှန်ရေးအင်အားစုများအဖွဲ့မှ သွားရောက်ပစ်ခတ်တိုက်ခိုက်သည်ဟု သိရသည်။

ကော့ကရိတ်မြို့အဝင်တွင် ယနေ့မနက် တိုက်ပွဲဖြစ်ပွား
ကော့ကရိတ်မြို့အဝင်တွင် ယနေ့မနက် တိုက်ပွဲဖြစ်ပွား

ကော့ကရိတ်မြို့အဝင် တံတားကျိုးကျေးရွာတွင် ယနေ့နံနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကော့ကရိတ်ဒေသခံများက ပြောသည်။

ယနေ့ ဒီဇင်ဘာလ(၁၆)ရက် နံနက်အစောပိုင်းကစပြီး ကော့ကရိတ်မြို့အနီး တံတားကျိုးကျေးရွာနှင့် ဆိပ်ဖူးကုန်း၊ ကမ္မရာကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ကာ ထိခိုက်မှုအခြေအနေကို လတ်တလော မသိရှိရသေးပါဘူး။

ကော့ကရိတ်မြို့အဝင်တွင် ယနေ့မနက် တိုက်ပွဲဖြစ်ပွား
ကော့ကရိတ်မြို့အဝင်တွင် ယနေ့မနက် တိုက်ပွဲဖြစ်ပွား

ဒေသခံများ၏ ပြောဆိုချက်အရ မြ၀တီ-ကော့ကရိတ်အာရှလမ်းမပေါ်ရှိသော စစ်ကောင်စီ၏ တံတားကျိုးစစ်ဆေးရေးဂိတ်နှင့် အနီးအနားရှိ စစ်ကောင်စီတပ်ရင်းကို တော်လှန်ရေးအင်အားစုများအဖွဲ့မှ သွားရောက်ပစ်ခတ်တိုက်ခိုက်သည်ဟု သိရသည်။

“(၂၃၀)တပ်မှာ ပစ်နေကြတာ၊ ဆိပ်ဖူးကုန်း ကမ္မရာတွေဖက်မှာ ပစ်နေကြတာ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယင်းတိုက်ပွဲကြောင့် မြ၀တီ-ကော့ကရိတ်အာရှလမ်းမပေါ်ရှိ တံတားကျိုးစစ်ဆေးရေးဂိတ်ကို ပိတ်ထားပြီး ကားတန်းများလည်းပိတ်ကာ ခရီးသွားပြည်သူများ ပိတ်မိတ်နေကြသည်ဟု သွားလာနေသော ခရီးသွားများ၏ ပြောဆိုချက်အရ သိရသည်။

“ကော့ကရိတ် တံတားကျိုးစစ်ဆေးရေးဂိတ် ပိတ်၊ ကား ဆိုင်ကယ် ဘာမှသွားမရပါ” ဟု ခရီးသွားတစ်ဦးက သူ၏လူမှုကွန်ယက်တွင် ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော