Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုအနောက်ခြမ်းလမ်းပိုင်း သွားလာခြင်းမပြုရန် PDF သတိပေး

ရွှေဘိုမြို့နယ်အနောက်ပိုင်းရှိ ပန်းရံ၊လိပ်ချင်း ၊စိုက်ပျိုးရေးသိပ္ပံလမ်းပိုင်း၌ ပျူစောထီးများက အထိုင်ချထား​၍ ပြည်သူများအသုံးမပြုကြရန် Daung Min Local People Defense Force (Shwebo) အဖွဲ့က မေတ္တာရပ်ခံသည်။

ပန်းရံ၊လိပ်ချင်း ၊စိုက်ပျိုးရေးသိပ္ပံ လမ်းပိုင်းအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ
ပန်းရံ၊လိပ်ချင်း ၊စိုက်ပျိုးရေးသိပ္ပံ လမ်းပိုင်းအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ ရွှေဘိုအနောက်ခြမ်းလမ်းပိုင်း၌ ပျူစောထီးများက ဒေသခံပြည်သူများအား ဓါးစာခံပြုလုပ်နေ၍ သွားလာအသုံးပြုခြင်းမပြုရန် Daung Min Local People Defense Force (Shwebo) အဖွဲ့က သတင်းထုတ်ပြန်သည်။

ရွှေဘိုမြို့နယ်အနောက်ပိုင်းရှိ ပန်းရံ၊လိပ်ချင်း ၊စိုက်ပျိုးရေးသိပ္ပံလမ်းပိုင်း၌ ပျူစောထီးများက အထိုင်ချထား​၍ ပြည်သူများအသုံးမပြုကြရန် Daung Min Local People Defense Force (Shwebo) အဖွဲ့က မေတ္တာရပ်ခံသည်။

“သူတို့တွေဟာ လမ်းပိုင်းအသုံးပြုတဲ့သူတွေကို ဓားစာခံလုပ်ပြီး သွားလာခိုင်းနေတယ်လို့ သိရှိရပါတယ်။”ဟု Daung Min Local People Defense Force (Shwebo) အဖွဲ့က ပြောသည်။

အဆိုပါလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့်ပျူများ တပ်စွဲထားခြင်း၊ ခရီးသွားပြည်သူများအား မကြာခဏစစ်ဆေးငွေတောင်းခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (ဒီဇင်ဘာ ၁၇ ရက်) ညနေ ၅နာရီခန့်ကစိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီနှင့်ပျူစောထီးများက ညောင်ပင်သာရွာကို သေနတ်များဖြင့်အကြောင်းမဲ့ ပစ်ခတ်နေ၍ ရွာခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ