Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအတွေ့အကြုံရှိ ကရင်ခေါင်းဆောင်များ ဦးဆောင်မှုကြောင့် လက်ရှိအခက်အခဲများ ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း NLD သဝဏ်လွှာပို့

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီက ကရင်ပြည်နယ်အတွင်းစစ်ဆင်ရေး နည်းလမ်း မျိုးစုံဖြင့် အရပ်သားပြည်သူတို့ကို ပစ်မှတ်ထားထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် စစ်ဘေးဒဏ်ကျရောက်ခဲ့ခြင်း တို့ကြောင့် တော်လှန်ရုန်းကန်နေရခြင်း ထိခိုက်နစ်နာခြင်းတို့အပေါ် လေးနက်စွာ စာနာခံစားရကြောင်းလည်း NLDက ဆိုသည်။

(ဒူးပလာယာခရိုင် ၀င်း​ရေးမြို့နယ် ကျုံခ၀န်​ကျေးရွာ ကရင်နှစ်သစ်ကူးကွင်းတွင် စု​ပေါင်းကျင်းပသည့် ကရင်နှစ်၂၇၆၂ ခုနှစ် (၈၅)နှစ်​မြောက် ကရင်အမျိုးသားနှစ်သစ်ကူး​နေ့အခမ်းအနား မြင်ကွင်းများ၊ ဓာတ်ပုံ - KIC)
(ဒူးပလာယာခရိုင် ၀င်း​ရေးမြို့နယ် ကျုံခ၀န်​ကျေးရွာ ကရင်နှစ်သစ်ကူးကွင်းတွင် စု​ပေါင်းကျင်းပသည့် ကရင်နှစ်၂၇၆၂ ခုနှစ် (၈၅)နှစ်​မြောက် ကရင်အမျိုးသားနှစ်သစ်ကူး​နေ့အခမ်းအနား မြင်ကွင်းများ၊ ဓာတ်ပုံ - KIC)

နှစ်ပေါင်းများစွာ တော်လှန်ရေးအတွေ့အကြုံပြည့်ဝသည့် ကရင်အမျိုးသားခေါင်းဆောင်များ၏ ဦး ဆောင်မှု၊အမျှော်အမြင်ရှိမှု၊ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် လက်ရှိကြုံတွေ့ရင်ဆိုင်နေရ သည့် အခက် အခဲ အတားအဆီးများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်လိမ့်မည်ဟု အလေးအနက် ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ယနေ့ ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ သဝဏ်လွှာပေးပို့သည်။

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီက ကရင်ပြည်နယ်အတွင်းစစ်ဆင်ရေး နည်းလမ်း မျိုးစုံဖြင့် အရပ်သားပြည်သူတို့ကို ပစ်မှတ်ထားထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် စစ်ဘေးဒဏ်ကျရောက်ခဲ့ခြင်း တို့ကြောင့် တော်လှန်ရုန်းကန်နေရခြင်း ထိခိုက်နစ်နာခြင်းတို့အပေါ် လေးနက်စွာ စာနာခံစားရကြောင်းလည်း NLDက ဆိုသည်။

၂၀၂၁ ဇန်နဝါရီ ၁၄ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပေးပို့ခဲ့သည့် ကရင်အမျိုးသားနှစ်ကူးသဝဏ်လွှာတွင် ပါရှိသည့် “မိမိတို့ပြည်နယ်အတွက် ပညာနှင့်ယှဉ်တွဲသော သတ္တိရှိခြင်း၊ မိမိတို့မျိုးဆက်သစ်များအတွက်မေတ္တာနှင့် ယှဉ်တွဲသော ရဲရင့်ခြင်းသည် မွန်မြတ်သောစိတ်ဓါတ်၊ ထားအပ်သည့်ခံယူချက်၊မြင့်မြတ်သည့်တာဝန်များဖြစ်သည်ဟု ရှုမြင်လျက် ပိုမိုငြိမ်းချမ်း၊ပိုမိုတိုးတက်၊ပိုမိုကောင်းမွန် သောနှစ်သစ်ကိုလက်တွဲပူးပေါင်းဖေါ်ဆောင်ကြရန်လည်း အလေးအနက်ထားဖိတ်ခေါ်လိုပါသည်”ဆိုသည့်အချက်ကို တန်ဖိုးထား၊ အလေးထား၊ ခံယူ လျက်ရှိကြောင်း NLD၏ သဝဏ်လွှာ၌ ဖော်ပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း ကရင်အမျိုးသားခေါင်းဆောင်များ အပါအဝင် ကရင် တမျိုးသားလုံးနှင့် ထာဝရချစ်ကြည်ရင်းနှီးစွာလက်တွဲ၍ နွေးထွေးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးမှုများ စဉ်ဆက်မပျက်ဆောင်ရွက်လျှက်ရှိနေမည် ဖြစ်ပြီး အနာဂါတ် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ဖြစ်ထွန်းပေါ်ပေါက်လာရေးကို တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် ဟန်ချက်ညီညီ ပူးပေါင်းအကောင်အထည်ဖေါ်သွားကြမည်ဟု NLDက သဝဏ်လွှာပေးပို့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။