Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများကို လက်နက်ကြီးဖြင့်ပစ်ခတ်နေ​သော ပလရဲစခန်းကို PDFများသွား​ရောက်တိုက်ခိုက်

ပလမြို့မှ ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှာ ပုလောမြို့နယ် မြိတ်ခရိုင်တပ်ရင်း (၁ )လက်အာက်မှ တပ်ဖွဲ့ဖြစ်​ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁) တာဝန်ရှိသူကပြောသည်။

(ပလမြို့ သို့ PDFများချီတက်လာစဥ် ။ ဓါတ်ပုံ-The Tanintharyi Times)
(ပလမြို့ သို့ PDFများချီတက်လာစဥ် ။ ဓါတ်ပုံ-The Tanintharyi Times)

ကျေးရွာများ လက်နက်ကြီးနှင့်ပစ်ခတ်နေ​သော တနသာ်ရီတိုင်း ၊ ပု​လောမြို့နယ် ၊ပလမြို့ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသွား​ရောက်တိုက်ခိုက်ခဲ့ကြောင်း PDFများက​ပြောသည်။

စစ်ကောင်စီတပ်များသည် ပလမြို့ရဲစခန်းမှ လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ခြင်းကြောင့် ​ဒေသခံပြည်သူနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ထို့နောက် ဒေသခံပြည့်သူ့ကာကွယ်ရေးတပ်များက ဒီဇင်ဘာ ၂၁ ရက်နေလည် ၁၂ နာရီခန့်က အဆိုပါရဲစခန်းသို့သွား​ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ခဲ့ပြီး​​နောက် ပလမြို့ပေါ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ​ဒေသခံများက​ပြောသည်။

Public Service Announcement
Public Service Announcement

ပလမြို့မှ ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှာ ပုလောမြို့နယ် မြိတ်ခရိုင်တပ်ရင်း (၁ )လက်အာက်မှ တပ်ဖွဲ့ဖြစ်​ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁) တာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူများထိခိုက်သေဆုံးမှုကို မခံနိုင်၍ ဒေသခံကာကွယ်ရေးတပ်များက သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေသခံPDFများက​ပြောသည်။

ရဲစခန်းကိုသွား​ရောက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအ​ခြေအ​နေကိုမူမသိရှိရကြောင်း ဒေသခံများက​ပြောသည်။

ဒီဇင်ဘာ ၉ ရက်ကလည်း ပလရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

Facebook