Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် စစ်ကောင်စီတ​ပ်က ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်၍ (၄)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် မြောင်နယ်အတွင်းရှိ ကျေးရွာများက ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆုံးပါးသွားသည့်ကလေးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-Ko Nway Oo (Myaung)
ဆုံးပါးသွားသည့်ကလေးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-Ko Nway Oo (Myaung)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် မြေးအဘွားနှစ်ဦးအပါအဝင် ခုနစ်ဦးထက်မနည်းထိခိုက်ခဲ့ပြီး (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း မြောင် CDSOMအဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောကြားသည်။

ယနေ့ (ဒီဇင်ဘာ ၂၃ ရက်)နံနက် ၁၀ နာရီခန့်က ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာဘက်မှ မြစ်အနောက်ဘက်ကမ်း မြောင်​မြို့နယ် ညောင်ကားယားကျေးရွာအတွင်းသို့ (၆၀) မမ သုံးလုံး၊ အတွဲလိုက်အီနာဂါများအား ဒရုန်းဖြင့်နှစ်ကြိမ်ကြဲချရာ ဒေသခံ ပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ထိခိုက်သူများအနက် အိမ်တွင်ရှိနေသော မြေးအဘွား နှစ်ဦး၏ ရှေ့သို့ ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါ မြေးအဘွားနှစ်ဦးလုံး ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

Public Service Announcement
Public Service Announcement

” ဖြစ်ဖြစ်ချင်း ရပ်ရွာကာကွယ်ရေးအဖွဲ့များကသတင်းပေး အကူအညီတောင်းလာကြလို့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေနဲ့ ဒဏ်ရာရပြည်သူတွေကို အချိန်မီကုသနိုင်ရေးကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် အသက်လုကုရမယ့် ဝေဒနာရှင်​တွေရှိလာလို့ နွေဦးရောင်နီဆေးခန်း ဆက်ပို့တာ ကလေးငယ်က လမ်းမှာပဲ ဆုံးပါးသွားခဲ့ရပါတယ်။”ဟု ကိုနွေဦး(မြောင်)က ပြောသည်။

Public Service Announcement

Public Service Announcement

အဘွားဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန်ပြီး ကြိုးစားကုသရမည့်အခြေနေဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် မြောင်နယ်အတွင်းရှိ ကျေးရွာများက ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။