Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရှိ စိန်စိန်ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီး

စိန်စိန် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကို စစ်ကောင်စီက ယနေ့(ဒီဇင်ဘာ ၃၀ရက်) နေ့လည် ၁၂နာရီ ၄၅မိနစ်တွင် အကြမ်းဖက်ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။

(ဖားကန့်ဒေသတွင် တွေ့ရသော စစ်ကောင်စီလက်ပါးစေရဲများ၊ ဓာတ်ပုံ - CJ)
(ဖားကန့်ဒေသတွင် တွေ့ရသော စစ်ကောင်စီလက်ပါးစေရဲများ၊ ဓာတ်ပုံ - CJ)

▪️ငွေကြေးတောင်းခံမှုမပေး၍ ပြုလုပ်ခြင်းဟု ဒေသခံများ‌ပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာရှိ စိန်စိန်ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကို ယနေ့နေ့လည်တွင် စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ဆီဘောက်ဆာယာဉ်များနှင့် စက်ယန္တယားအချို့အား မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

“ဆီဘောက်ဆာတွေကို ဖွင့်ချပြီး မီးရှို့တာ။ ဘက်ဖိုးတစ်စီး၊ မြေသယ်ကားတစ်စီးပါသွားတယ်။ ဆီဘောက်ဆာတွေလည်း မီးထဲပါသွားတယ်”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

စိန်စိန် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကို စစ်ကောင်စီက ယနေ့(ဒီဇင်ဘာ ၃၀ရက်) နေ့လည် ၁၂နာရီ ၄၅မိနစ်တွင် အကြမ်းဖက်ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။

စစ်ကောင်စီက ၎င်းတို့တောင်းခံသည့် ငွေကြေးမပေး၍ လာရောက်မီးရှို့ခြင်းဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“ဖားကန့်ကို လာကြည့်။စ…(စစ်ကောင်စိတပ်သား)တွေလုပ်သမျှ အကုန်ဗရမ်းပတာကြီးပဲ။ KIA နဲ့ PDF ကိုသာကြောက်တာ။ ပြည်သူကိုကျ အနိုင်ကျင့်နေတာ”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်သည် ဖားကန့်တွင် ဒီဇင်ဘာာ ၆ရက်နှင့် ၇ ရက်က တစ်ကြိမ်၊ ဒီဇင်ဘာ ၂၃ရက်က တစ်ကြိမ် တိုက်ပွဲဖြစ်ပွားပြီး ယခုရက်ပိုင်းအတွင်း ငြိမ်သက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။