Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့်အကြောင်းမဲ့ပစ်ခတ်

ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာရှိ အကျဥ်းထောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က မှော်ပုံကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဘုရားကျောင်းအတွင်းမှ ဒဏ်ရာရရှိသူများအား သယ်ဆောင်လာစဥ်နှင့် ထိခိုက်ပျက်စီးမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ - Tin Hlaing/FB)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဘုရားကျောင်းအတွင်းမှ ဒဏ်ရာရရှိသူများအား သယ်ဆောင်လာစဥ်နှင့် ထိခိုက်ပျက်စီးမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ - Tin Hlaing/FB)

လူနေရပ်ကွက်နှင့် ဘုရားကျောင်းပေါ်ကျရောက်ပေါက်ကွဲ၍ တစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ခြောက်ဦးဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ရာ လူနေရပ်ကွက်အတွင်းနှင့် ဘုရားကျောင်းပေါ်ကျရောက်ပေါက်ကွဲ၍ ကလေးငယ်အချို့အပါအဝင် ခြောက်ဦးဒဏ်ရာရခဲ့ပြီး တစ်ဦးသေဆုံးသွားသည်။

ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာရှိ အကျဥ်းထောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က မှော်ပုံကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဘုရားကျောင်းအတွင်းမှ ဒဏ်ရာရရှိသူများအား သယ်ဆောင်လာစဥ်နှင့် ထိခိုက်ပျက်စီးမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ - Tin Hlaing/FB)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဘုရားကျောင်းအတွင်းမှ ဒဏ်ရာရရှိသူများအား သယ်ဆောင်လာစဥ်နှင့် ထိခိုက်ပျက်စီးမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ – Tin Hlaing/FB)

” လက်နက်ကြီး လေးလုံးတောင်ပစ်တာ။ ရပ်ကွက်ထဲပစ်ချတာ ။ဘုရားကျောင်းမှာ စာသင်နေတဲ့ ကလေးတွေ ထိကုန်တယ်။ လူမဆန်တဲ့ စ…(စစ်ကောင်စိတပ်သား)တွေကို တစ်နိုင်ငံလုံး မောင်းထုတ်ပေးကြပါ” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် မှော်ပုံကျေးရွာအတွင်း နေအိမ်တစ်အိမ်မှ အသက် (၂၈)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ ဘုရားကျောင်းအတွင်းမှ အသက် (၅)နှစ်နှင့် (၁၃)နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ အသက် (၁၉)နှစ်မှ (၄၉)နှစ်ကြား ဆရာမသုံးဦးနှင့် အသက် (၅၂)နှစ်အရွယ်အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။ အသက် (၅၂)နှစ်အရွယ်အမျိုးသားမှာ ဆေးကုသပေးနေစဥ် ယနေ့ ညနေ ၆နာရီခန့်တွင် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည့် ယနေ့ နေ့လယ် ၁၂နာရီခန့်ကလည်း ဖားကန့်မြို့နယ် မှော်စီစာကျေးရွာရှိ စိန်စိန်ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကို ဝင်ရောက်စီးနင်းပြီး ဆီဘောက်ဆာယာဥ်များနှင့် စက်ယန္တယားအချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။