Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့မြောက်ပိုင်းရှိလယ်ဘဲ့ရွာကိုစစ်ကောင်စီတပ်မီးရှို့

စစ်ရေးတင်းမာနေပြီးကျေးရွာအခြေအနေကိုအသေးစိပ်မသိရသေးကြောင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက​ပြောသည်။

(စစ်​ကောင်စီတပ်က ​ပေါက်မြို့နယ်မှ လယ်ဘဲ့ရွာကို ယ​နေ့(ဒီဇင်ဘာ ၃၀)ည​နေတွင် မီးရှို့၍​လောင်ကျွမ်း​နေစဥ်။ ဓါတ်ပုံ-People's Spring)
(စစ်​ကောင်စီတပ်က ​ပေါက်မြို့နယ်မှ လယ်ဘဲ့ရွာကို ယ​နေ့(ဒီဇင်ဘာ ၃၀)ည​နေတွင် မီးရှို့၍​လောင်ကျွမ်း​နေစဥ်။ ဓါတ်ပုံ-People's Spring)

▪︎ဒေသခံကာကွယ်ရေးနှင့် စစ်ရေးတင်းမာနေ

ပခုက္ကူခရိုင်၊ ပေါက်မြို့မြောက်ပိုင်းရှိလယ်ဘဲ့ရွာကိုစစ်ကောင်စီတပ်နှင့်၎င်းတို့လက်​အောက်ခံပျူစောထီးများကစစ်ကြောင်းနှစ်ကြောင်းဖြင့်ယနေ့ညနေပိုင်းကဝင်ရောက်ပြီး မီးရှို့နေကြောင်း ဒေသခံကာကွယ်ရေးတပ်များထံမှသိရသည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီးအင်အား ၁၀၀ခန့်ကအဆိုပါကျေးရွာကိုယနေ့ညနေပိုင်းတွင်စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်အချို့ကိုမီးရှို့နေခြင်းဖြစ်သည်။ထိုကြောင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့်စစ်ရေးတင်းမာနေခြင်းဖြစ်​ကြောင်းဒေသခံများက​ပြောသည်။

Public Service Announcement
Public Service Announcement

“လွန်ခဲ့တဲ့ ၅ ရက်လောက်ကပျူစောထီးတွေကင်းလှည့်တာကိုကာကွယ်ရေးတပ်တွေနဲ့ထိပ်တိုက်တွေ့ပြီးပစ်ခတ်မှုဖြစ်ပွားပြီးကတည်းကနှစ်ဖက်စစ်ရေးတင်းမာနေတာ”ဟုအနောက်ပိုင်းတိုင်း၊တပ်မဟာ (၇)၊တပ်ရင်း (၇၀၃)ကွန်မန်ဒိုတပ်ဖွဲ့ခေါင်းဆောင်ကပြောသည်။

အဆိုပါရွာ​၏ တောင်၊မြောက်နှစ်ခြမ်းကိုပျူစောထီးများနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကထိန်းထားခြင်းဖြစ်သည်။လက်ရှိတွင်စစ်ကောင်စီတပ်က ကျေးရွာအတွင်းဝင်ရောက်လာပြီး လူနေအိမ်များကို မီးရှို့နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ရေးတင်းမာနေပြီးကျေးရွာအခြေအနေကိုအသေးစိပ်မသိရသေးကြောင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook