Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်မြို့မြောက်ပိုင်းရှိလယ်ဘဲ့ရွာကိုစစ်ကောင်စီတပ်မီးရှို့

စစ်ရေးတင်းမာနေပြီးကျေးရွာအခြေအနေကိုအသေးစိပ်မသိရသေးကြောင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက​ပြောသည်။

(စစ်​ကောင်စီတပ်က ​ပေါက်မြို့နယ်မှ လယ်ဘဲ့ရွာကို ယ​နေ့(ဒီဇင်ဘာ ၃၀)ည​နေတွင် မီးရှို့၍​လောင်ကျွမ်း​နေစဥ်။ ဓါတ်ပုံ-People's Spring)
(စစ်​ကောင်စီတပ်က ​ပေါက်မြို့နယ်မှ လယ်ဘဲ့ရွာကို ယ​နေ့(ဒီဇင်ဘာ ၃၀)ည​နေတွင် မီးရှို့၍​လောင်ကျွမ်း​နေစဥ်။ ဓါတ်ပုံ-People's Spring)

▪︎ဒေသခံကာကွယ်ရေးနှင့် စစ်ရေးတင်းမာနေ

ပခုက္ကူခရိုင်၊ ပေါက်မြို့မြောက်ပိုင်းရှိလယ်ဘဲ့ရွာကိုစစ်ကောင်စီတပ်နှင့်၎င်းတို့လက်​အောက်ခံပျူစောထီးများကစစ်ကြောင်းနှစ်ကြောင်းဖြင့်ယနေ့ညနေပိုင်းကဝင်ရောက်ပြီး မီးရှို့နေကြောင်း ဒေသခံကာကွယ်ရေးတပ်များထံမှသိရသည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီးအင်အား ၁၀၀ခန့်ကအဆိုပါကျေးရွာကိုယနေ့ညနေပိုင်းတွင်စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်အချို့ကိုမီးရှို့နေခြင်းဖြစ်သည်။ထိုကြောင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့်စစ်ရေးတင်းမာနေခြင်းဖြစ်​ကြောင်းဒေသခံများက​ပြောသည်။

Public Service Announcement
Public Service Announcement

“လွန်ခဲ့တဲ့ ၅ ရက်လောက်ကပျူစောထီးတွေကင်းလှည့်တာကိုကာကွယ်ရေးတပ်တွေနဲ့ထိပ်တိုက်တွေ့ပြီးပစ်ခတ်မှုဖြစ်ပွားပြီးကတည်းကနှစ်ဖက်စစ်ရေးတင်းမာနေတာ”ဟုအနောက်ပိုင်းတိုင်း၊တပ်မဟာ (၇)၊တပ်ရင်း (၇၀၃)ကွန်မန်ဒိုတပ်ဖွဲ့ခေါင်းဆောင်ကပြောသည်။

အဆိုပါရွာ​၏ တောင်၊မြောက်နှစ်ခြမ်းကိုပျူစောထီးများနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကထိန်းထားခြင်းဖြစ်သည်။လက်ရှိတွင်စစ်ကောင်စီတပ်က ကျေးရွာအတွင်းဝင်ရောက်လာပြီး လူနေအိမ်များကို မီးရှို့နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ရေးတင်းမာနေပြီးကျေးရွာအခြေအနေကိုအသေးစိပ်မသိရသေးကြောင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။