Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ် အလယ်ရှိုရွာအား စစ်အုပ်စုဝင်ရောက်ပစ်ခတ်၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

အလယ်ရှိုကျေးရွာအတွင်း ဖမ်းဆီးခံရသူ ၂၀ထက်မနည်း ရှိပြီး စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများက ဖမ်းဆီးခံထားရသူများအနက် ရှစ်ဦးထက်မနည်း အစုလိုက်သတ်ဖြတ်ထားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

(စစ်အုပ်စုတပ်စွဲရာ အလယ်ရှိုကျေးရွာစာသင်ကျောင်းအား တွေ့ရစဥ်)
(စစ်အုပ်စုတပ်စွဲရာ အလယ်ရှိုကျေးရွာစာသင်ကျောင်းအား တွေ့ရစဥ်)

▪️ပြည်သူများလည်း သတ်ဖြတ်ခံထားရကြောင်း သတင်းများထွက်ပေါ်၊ စစ်အုပ်စုတပ်စွဲရာနေရာကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာအား စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်၍ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရသည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အလယ်ရှိုကျေးရွာအား ဒီဇင်ဘာ၂၈ရက် နံနက် ၅ နာရီခွဲခန့်က ရွှေဘိုလေ့ကျင့်ရေး-၈မှ စစ်ကောင်စီတပ်များက ရွှေဘို -မြစ်ကြီးနားလမ်းအတိုင်း ဝင်ရောက်လာပြီး လက်နက်ငယ်များဖြင့် အဆက်မပြတ် ရမ်းသမ်းပစ်ခတ်ဝင်ရောက်လာကြောင်း ၊ ဖမ်းဆီးခံရသူပြည်သူအများအပြားရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

အလယ်ရှိုကျေးရွာအတွင်း ဖမ်းဆီးခံရသူ ၂၀ထက်မနည်း ရှိပြီး စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများက ဖမ်းဆီးခံထားရသူများအနက် ရှစ်ဦးထက်မနည်း အစုလိုက်သတ်ဖြတ်ထားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ဖမ်းဆီးခံရသူ၂၀ထက်မနည်း ရှိနေပြီး အသတ်ခံရသူမည်မျှ ရှိနေကြောင်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ အနည်းဆုံး ရှစ်ဦး ကနဦး သတင်းရရှိကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဆိုသည်။

Public Service Announcement

Public Service Announcement

ခင်ဦးမြို့နယ် အလယ်ရှိုကျေးရွာစာသင်ကျောင်းအတွင်း ဝင်ရောက်တပ်စွဲနေသော စစ်ကောင်စီတပ်သားများကို ယမန်နေ့(ဒီဇင်ဘာလ ၂၉ ရက်)မွန်းလွဲ၂နာရီခန့်တွင် NLGRF အဖွဲ့နှင့် နယ်မြေခံအဖွဲ့များပူးပေါင်း၍ ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့ကြောင်း NLGRFက အသိပေးသည်။

စစ်ကောင်စီတပ်သားများ အထိအခိုက်ရှိနိုင် သော်လည်း အတိအကျ မသိရသေးကြောင်း၊ အဆိုပါ စစ်အုပ်စုသည် အလယ်ရှိုကျေးရွာမှ ဒေသခံ ပြည်သူ ၁၄ဦးအား သတ်ဖြတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေကြောင်းNLGRFက ဆိုသည်။

အလယ်ရှိုကျေးရွာဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ယမန်နေ့ ညပိုင်းတွင် ဇီးကုန်းသကြားစက်မှ စစ်သားနှင့်ပျူ အင်အား ၇၀ ခန့်နှင့် ရွှေဘိုလေ့ကျင့်ရေး(၈)မှ စစ်သားများအား ၁၂ဘီးကား နှစ်စီးဖြင့် အင်အားဖြည့်တင်းထားကြောင်း NLGRFကဆိုသည်။

အနီးဝန်းကျင် ကျေးရွာ ငါးရွာခန့်က ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

အလယ်ရှိုကျေးရွာမှ ဒေသခံပြည်သူလေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ရိက္ခာနှင့်အဝတ်အထည်အပါအဝင် အခက်အခဲများရှိနေကာ အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။