Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နယ်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများ ပြည်သူများ၏ ငြိုငြင်မှုမခံရစေရေးပြုမူနေထိုင်ရန် မြို့နယ်(ပကဖ)တိုက်တွန်းနှိုးဆော်

ပြည်သူများ အယုံအကြည်ကင်းမဲ့လာခြင်း၊ အားကိုးစိတ်လျော့ကျလာခြင်း၊ ရွံကြောက်ကြီး ဖြစ်လာခြင်းတို့ ဖြစ်မလာစေရေးအတွက် နေထိုင်သွားလာ စားသောက်ပြောဆိုမှုတို့ကို သတိဖြင့် ဆင်ခြင်ရမည်ဖြစ်သည်ဟု ဆိုသည်။

ယင်းမာပင်နယ်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ဖကဖများ ပြည်သူများ၏ ငြိုငြင်မှုမခံရစေရေးပြုမူနေထိုင်ရန် မြို့နယ်(ပကဖ)တိုက်တွန်းနှိုးဆော်
ယင်းမာပင်နယ်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ဖကဖများ ပြည်သူများ၏ ငြိုငြင်မှုမခံရစေရေးပြုမူနေထိုင်ရန် မြို့နယ်(ပကဖ)တိုက်တွန်းနှိုးဆော်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ တပ်ရင်းများ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(ပကဖ)အဖွဲ့အားလုံးအနေဖြင့် နိုင်ငံကတာ လူသားချင်းဆိုင်ရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် ပြည်သူများ၏ ငြိုငြင်မှုမခံရစေရေး ပြုမူနေထိုင်ပြောဆိုကြရန် မြို့နယ်(ပကဖ)က ဇန်နဝါရီ ၁၅ရက် ထုတ်ပြန်ထားသည်။

ပြည်သူများ အယုံအကြည်ကင်းမဲ့လာခြင်း၊ အားကိုးစိတ်လျော့ကျလာခြင်း၊ ရွံကြောက်ကြီး ဖြစ်လာခြင်းတို့ ဖြစ်မလာစေရေးအတွက် နေထိုင်သွားလာ စားသောက်ပြောဆိုမှုတို့ကို သတိဖြင့် ဆင်ခြင်ရမည်ဖြစ်သည်ဟု ဆိုသည်။

ယင်းမာပင်မြို့နယ်အတွင်း အခြေချ တည်ထောင်စခန်းချလျက်ရှိသော တပ်ရင်းများ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ ပကဖ အဖွဲ့များအားလုံးအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်မည်ဆိုသည့် သစ္စာဓိဌာန်နှင့်အညီ ပြည်သူများအပေါ် ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ စစ်သား၊ ရဲများကဲ့သို့ ပြည်သူများအပေါ် လက်နက်အားကိုး အနိုင့်အထက်ပြုဆက်ဆံခြင်း၊ ပစ္စည်းဥစ္စာများ မတရားသိမ်းယူခြင်း၊ ဆက်ကြေးတောင်းသကဲ့သို့ ဒဏ်တပ်ရိုက်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ လိင်တူ၊ လိင်ကွဲ များအပေါ် ကျူးလွန်ထိပါးစော်ကားခြင်းများ မပြုကြရန် ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပြည်သူများအပေါ် ဖေးမကူညီခြင်း၊ ကြင်နာသနားခြင်း၊ သီးခံခွင့်လွှတ်ခြင်း၊ ကိုယ်ချင်းစာ တရားဖြင့် နိုင်ငံတကာ လူသားချင်းဆိုင်ရာ ဥပဒေများ နှင့်အညီ လိုက်နာဆောင်ရွက်ပေးကြရန် နှင့် ဥပဒေအထက်တွင် မည်သူမျှ မရှိသောစနစ်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ဆောက်ပေးကြရန် တိုက်တွန်းနှိုးဆော် ကြောင်း ဖော်ပြထားသည်။

ထို့ပြင် သွေးထိုးမှု၊ သပ်လျှိုမှုများကြောင့် တော်လှန်ရေးဘက်တော်သားအချင်းချင်းကြား စိတ်ဝမ်းကွဲခြင်း သံသယဖြစ်ခြင်း စည်းလုံးညီညွတ်မှုပြိုကွဲခြင်း များ ဖြစ်ပေါ်လာတက်၍ သဘောထားကွဲလွဲမှုများကို ဖြေဖျောက် ကြရန်၊ သဘောထားပြည့်၀ကြရန်နှင့် ပြန်လည်စည်းလုံးညီညွတ်မှု လမ်းကြောင်းကို လျှောက်လှမ်းကြရန် လိုအပ်ကြောင်း၊ လက်နက်ကိုင်တပ်ရင်း တပ်ဖွဲ့များ၏ ခေါင်းဆောင်များသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိရဲဘော်များ အားလည်းကောင်း အစဉ်အမြဲကူညီပံ့ပိုးလျက်ရှိသည့် မိမိတို့၏ ကျေးဇူးရှင်ပြည်သူများအပေါ် မစော်ကားမိစေရန် မရိုင်းပြမိစေရန် သတိကပ်ဆုံးမနေသင့်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကိုရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာလို့ မြစ်ကမ်းဘေးကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ဖောင်းပြင်မြို့နယ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဝှမ်း ဒေသကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်နေတာ ခုခံဖို့ ပြုလုပ်နေတဲ့ ရေတာရှည်ဒိုင်း ကမ်ပိန်းမှာ ပြည်သူတွေ တက်နိုင်သလောက် ပါဝင်ပေးဖို့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တိုက်တွန်းထားပါတယ်။

သတင်း

မန္တလေးတိုင်း မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို ဒေသတွေင်း PDFနဲ့ ပကဖ ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ ၁၅ရက် ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။