Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများစေတနာဖြင့်ပေးသည့် ရိက္ခာကိုသာလက်ခံရမည်ဟု တပ်ဖွဲ့ဝင်များအား ဗန်းမောက် (ပကဖ) ညွှန်ကြား

“ပြည်သူတွေအပေါ် အခွန်ကောက်တာအရမ်းလွန်တာပေါ့။ တချို့ဂိတ်တွေမှာ စစ်တာတွေဆိုးတာပေါ့” ဟု စစ်ကိုင်းတိုင်းရှိ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

(ဗန်းမောက် (ပကဖ)မှ ရဲဘော်များအား တွေ့ရစဥ်၊ Banmauk Revolution - BR)
(ဗန်းမောက် (ပကဖ)မှ ရဲဘော်များအား တွေ့ရစဥ်၊ Banmauk Revolution - BR)

တပ်ဖွဲ့ဝင်များ လိုက်နာ၊ ရှောင်ကြဉ်ရမည့်အချက်များ ထုတ်ပြန်

ပြည်သူများအား ရိုင်းပြစွာ ပြုမူပြောဆိုခြင်းမပြုရန်အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အဖွဲ့ဝင်များ လိုက်နာရန် အချက်များကို ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားပြီး လိုက်နာခြင်းမရှိသည့် အဖွဲ့ဝင်များကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာ ထားသည်။

ဇန်နဝါရီ ၂ရက်က ထုတ်ပြန်ခဲ့သည့် အဆိုပါ ကြေညာချက်ကို Banmauk Revolution က ယနေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ပြည်သူများ၏ ချစ်ခင်မှုနှင့် စေတနာအလျောက်ပေးအပ်သည့် စားရေရိက္ခာကိုသာလက်ခံရမည်ဖြစ်ပြီး မတရားတောင်းခံခြင်း ၊ ကောက်ခံခြင်း၊ သိမ်းပိုက်ခြင်း မပြုလုပ်ရန် ဗန်းမောက်(ပကဖ) က ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းရှိ နယ်မြေအချို့တွင် ပကဖ တာဝန်ရှိသူအချို့က ပြည်သူလူထုများ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့်လုပ်ရပ်များကို လုပ်ဆောင်မှုရှိ၍ တိုင်ကြားခံရမှု ရှိသည်ဟု ဒေသတွင်းရှိ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ပြည်သူတွေအပေါ် အခွန်ကောက်တာအရမ်းလွန်တာပေါ့။ တချို့ဂိတ်တွေမှာ စစ်တာတွေဆိုးတာပေါ့” ဟု စစ်ကိုင်းတိုင်းရှိ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အောက်ခြေ PDF ရဲဘော်များအပေါ် ရိုင်းပြစွာဆက်ဆံသည့် ခေါင်းဆောင်အချို့ကိုလည်း တိုင်ကြားထားမှုရှိပြီး မြို့နယ်အမည်ကို လတ်တလော မဖော်ပြသေးရန် ဒေသခံက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)သည် ပြည်သူများအား ကာကွယ်ပေးရန် တာဝန်ရှိကြောင်း၊ တပ်ရင်းတပ်ဖွဲ့များ၏ စစ်ရေးလိုအပ်ချက်များကို ဦးလည်မသုန်ဆောင်ရွက်ရန် တာဝန်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများ၏ ချစ်ခင်လေးစားမှု အားကိုးယုံကြည်မှု ရရှိရန် အရေးကြီးသည့် အလျောက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗန်းမောက် ပကဖက ထုတ်ပြန်သည်။

ထို့အပြင် တာဝန်ထမ်းဆောင်ရာ၌ အမိန့်နာခံရန် အထူးအရေးကြီးကြောင်း၊ တာဝန်ကို မကျေပွန်ခြင်းနှင့် မလေးစားခြင်း အမိန့်နာခံမှုမရှိခြင်း စသည်တို့ကို တွေ့ရှိပါက ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

တပ်ရင်းတပ်ဖွဲ့(သို့မဟုတ်)ပကဖ အဖွဲ့ တာဝန်ရှိသူများက တာဝန်ပေးခြင်းအား ငြင်းပယ်ခြင်းမပြုရန်၊ ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန် နှင့် ပကဖ အဖွဲ့ သို့မဟုတ်တော်လှန်ရေးအဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာညိုးနွမ်းစေမည့် ပြုမူပြောဆိုခြင်းများ မပြုလုပ်ရန် ဖော်ပြထားသည်။

မိမိ၏ အကျိုးစီးပွားအတွက် တာဝန်နှင့် အဖွဲ့အစည်းအား အလွဲအသုံးချခြင်းမပြုရန် နှင့် ၎င်းအား သွယ်ဝိုက်လုပ်ကိုင်ခြင်းလည်းမပြုရန် ထုတ်ပြန်သည်။

ထို့အပြင် မိမိအားအပ်နှင်းထားသည့် လက်နက်ကိုအခွင့်မရှိဘဲ လွှဲပြောင်းခြင်းမပြုရန်နှင့် ဖမ်းဆီးရမိသည့် တရားခံများအား ဥပဒေမဲ့ အကြမ်းဖက်ခြင်းမပြုရန် ဖော်ပြထားသည်။

တာဝန်ကျရာဒေသအတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တာဝန်ရှိသူများထံ အမြန်ဆုံးအသိပေး အကြောင်းကြားရမည်ဖြစ်ပြီး လူမှုရေးဖောက်ပြန်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အရပ်သေစာသောက်စားမူးယစ်ရမ်းကားခြင်းများကို လုံး၀ ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီ ၊ SNA (ရှမ်းနီတပ်ဖွဲ့)အစရှိသည့် ပြည်သူတို့၏ ရန်သူအဖွဲ့အစည်းများနှင့် ဆက်စပ်ဆက်သွယ်ခြင်း လုံး၀မရှိစေရန်လည်း အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာသွားလာနေတဲ့ခရီးသွားကားတွေအနေနဲ့အာဏာသိမ်းစစ်တပ်ရဲ့ရိက္ခာနဲ့ဝန်ထမ်းတွေကိုသယ်ယူပို့ဆောင်တာတွေမလုပ်ဆောင်ကြဖို့ ပူတာအို PDF က တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။