Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်ပါအဖွဲ့အား ပစ်ခတ်ရှင်းလင်းခဲ့ဟု ပဲခူး PDF အသိပေး

ထို့အပြင် သေဆုံးသူ နှစ်ဦးထံမှ (၉)မမ ပစ္စတို(၂)လက်၊ ကျည်(၁၂)တောင့်၊ ယာဥ်လိုင်စင်နှင့် စာရွက်စာတမ်းအချို့အား သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဥ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

(ဗိုလ်မှူးသန်းထွဋ်နှင့် သိမ်းဆည်းရမိသော လက်နက်၊ စာရွက်စာတန်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - Bago Region PDF)
(ဗိုလ်မှူးသန်းထွဋ်နှင့် သိမ်းဆည်းရမိသော လက်နက်၊ စာရွက်စာတန်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - Bago Region PDF)

လက်နက် ၂လက်ရရှိခဲ့ပြီး စစ်ကောင်စီ ဗိုလ်မှူးလိုက်ပါလာသည့် ယာဉ်ကို မီးရှို့ခဲ့ကြောင်း ထုတ်ပြန်

မြို့ပြပြောက်ကျား(UG) တော်လှန်ရေးရဲဘော်များအား အသွင်ယူကာ စုံစမ်းဖမ်းဆီးလျက်ရှိသော ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့အား တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)နှင့် တပ်ခွဲ (၆) ပူးပေါင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ထုတ်ပြန်သည်။

UG များ၏ သတင်းကွင်းဆက်များ လိုက်လံစုံစမ်း၍ လက်နက်များ၀ယ်ယူမည်ဟု အကြောင်းပြကာ ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည့် ရန်ကုန်တိုင်း (၉)မိုင်ခွဲ ပြည်လမ်း North Point – Ocean စင်တာ အနီးရှိ အမှတ်(၁)စစ်ဘက်ရေးရာလုံခြုံရေးအကူတပ် စစ်ကြောရေးတာဝန်ခံ စရက(၁)တပ်မှူးဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့ လိုက်ပါလာသည့် ယာဉ်အား တော်လှန်ရေးတပ်ဖွဲ့များက ဇန်နဝါရီ ၂၂ရက် နေ့လည်ပိုင်း ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် (၁၆၁)အနီးတွင် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ယာဉ်အမှတ် YGN. 2N 6158 TOYOTA VANGUARD အမဲရောင်ယာဉ်ဖြင့် ရန်ကုန် – မန္တလေးအမြန်လမ်းအတိုင်းထွက်ခွာလာပြီဖြစ်ကြောင်း YUA အဖွဲ့၏ သတင်းအချက်အလက်ပေးပို့မှုအရ တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ကင်းပုန်းဝပ်၍ စောင့်ဆိုင်းကာ ဖုန်းဆက်ပြီး ၎င်းကားအား ရပ်တန့်စေခဲ့ကြောင်း၊ ကားရပ်တန့်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးစဉ် အဆိုပါ နှစ်ဦးမှ အသင့်ပါလာသော လက်နက်များဖြင့် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ စစ်ကောင်စီ၏တပ်ဖွဲ့ဝင် ၎င်းတို့ နှစ်ဦးမှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် သေဆုံးသူ နှစ်ဦးထံမှ (၉)မမ ပစ္စတို(၂)လက်၊ ကျည်(၁၂)တောင့်၊ ယာဥ်လိုင်စင်နှင့် စာရွက်စာတမ်းအချို့အား သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဥ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အဆိုပါ စစ်ကောင်စီတပ်သားများနှင့် အတူပါလာသော အမျိုးသားနှစ်ဦးအား စစ်ဆေးမေးမြန်းရန်ခေါ်ဆောင်လာစဉ် လက်နက်အားလုယူထွက်ပြေးရန်ကြိုးစားလာသောကြောင့် တော်လှန်ရေးရဲဘော်များမှ ပစ်ခတ်ဖမ်းစီးစဉ် သေဆုံးသွား၍ အခင်းဖြစ်ပွားသော ကားပေါ်ပါလေးဦးလုံး သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်သည်။

အဆိုပါစစ်ဆင်ရေးတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ထိခိုက်ဒဏ်ရာမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

Facebook