Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနယ်တွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး ၍ ပြည်သူလူထုနေအိမ် ၂,၀၀၀ခန့် မီးလောင်ပျက်စီး

စစ်ကောင်စီတပ်သည် အာဏာသိမ်းကလာအတွင်း မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံတဝန်းရှိ ပြည်သူလူထု နေအိမ်လေးသောင်းခန့် ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ရေစကြိုမြို့နယ်ရှိ ကျေးရွာများမှ နေအိမ်များအား စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - U Waiyan Naing/FB
ရေစကြိုမြို့နယ်ရှိ ကျေးရွာများမှ နေအိမ်များအား စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - U Waiyan Naing/FB

▪️စစ်ဘေး၊ မီးဘေးသင့် ပြည်သူများကို တက်နိုင်သလောက်ကူညီပေးကြရန် မြို့နယ်(ပအဖ) ပန်ကြား

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၍ ပြည်သူလူထု နေအိမ် ၂,၀၀၀ ခန့် မီးလောင်ပျက် စီးခဲ့ရကြောင်း ရေစကြို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်သည်။

၂၀၂၁ ဇန်လမှ ၂၀၂၂ ဒီဇင်ဘာကုန်ထိ အိမ်တစ် လုံး၏ တန်ဘိုးနားမလည်သော အကြမ်းဖက် အာဏာသိမ်းစစ်တပ်နှင့် အပေါင်းအပါ ပြည်သူ့စစ် ၊ပျူစောထီးများ​၏ မီးရှို့ဖျက်ဆီးမှုများကြောင့် မြို့နယ် တစ်ဝှမ်းရှိ ပြည်သူများ၏ နေအိမ် ၁,၉၀၂လုံး မီးရှို့ ဖျက်ဆီး ခံခဲ့ရသည်ဟု ဖော်ပြထားသည်။

ပြည်သူအများမှာလည်း မိမိတို့ ရပ်ရွာအတွင်း မနေနိုင်၍ စစ်ကောင်စီနှင့် စစ်ကောင်စီလက်ပါးစေ ပျူများ၏ ရန်မှဝေးရာ အရပ်သို့ နေအိမ်များကို စွန့်ခွာနေထိုင်ကြရသည်ဟု ထုတ်ပြန်သည်။

ထို့ကြောင့် ဘေးဒုက္ခရောက်နေသူများသို့ တတ်နိုင်သလောက် ကူညီထောက်ပံ့ ပေးကြပါရန် မြို့နယ်(ပအဖ)က ပြည်သူလူထုထံ ပန်ကြားထား သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ပအဖပဲ ပြောပြော၊ ပကဖပဲ ပြောပြော NUGအစိုးရပဲဆိုဆို ဒေသကာကွယ် ရေးတပ်ဖွဲ့တွေပဲ ဖြစ်ဖြစ် ပြည်သူလူထုနဲ့ ကျွန်တော်တို့က တသားတည်းရှိကြတယ်။ ရှိကြတဲ့အခါကျတော့ ကျွန်တော်တို့ တော်လှန်ရေးကို အရှိန်မြှင့်ဖို့ပဲဖြစ်ဖြစ် ပြည်သူလူထု ဒုက္ခတွေကို အတက်နိုင်ဆုံး ဖြေလျှော့ကြဖို့ ဆိုတဲ့ အချက်က ကျနော်တို့ ပြည်သူလူထုနဲ့ပဲ အတူတူ ပြည်သူလူထုအားကို မှီပြီး ကြိုးစားကြရမှာပေါ့။ ဒီကာလက ဒုက္ခရောက်တဲ့ကာလဆိုတော့ တစ်ဦးက ဒုက္ခရောက်တဲ့အချိန်မှာ တခြားတစ်ဖက်ကနေ အပြန်အလှန် ဒီလိုပဲ ကူညီဖေးမှ စောင့်ရှောက်ရင်း အခက်အခဲကို ကျော်လွှားကြရတာပေါ့”ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။

ရေစကြိုမြို့နယ်ရှိ ကျေးရွာများမှ နေအိမ်များအား စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - U Waiyan Naing/FB
ရေစကြိုမြို့နယ်ရှိ ကျေးရွာများမှ နေအိမ်များအား စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ – U Waiyan Naing/FB

ဘေးဒုက္ခကြုံနေရသည့် ပြည်သူလူထုများအား ကူညီလို၍ ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့သို့ ချိတ်ဆက်လာပါကလည်း လူသားစာနာ ဌာန အနေဖြင့် ကူညီချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်(ပအဖ)က အသိပေးထားသည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းကလာအတွင်း မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံတဝန်းရှိ ပြည်သူလူထု နေအိမ်လေးသောင်းခန့် ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ လေပြင်းတိုက်ခိုက်လို့ နေအိမ် ၃၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားအချို့ကို ပြန်လည်လွှတ်ပေးခဲ့ရာမှာ အမှန်တကယ် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေမှာ နည်းပါးနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့ စာရေးဆရာ ဦးထင်လင်းဦးက သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးပါတယ်။

ဆောင်းပါး

ရှစ်လေးလုံးအရေးတော်ပုံကာလက ပါတီစုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တောင်းဆိုချက်တွေကို ကြွေးကြော်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဟာ ၃၈ နှစ်အကြာမှာတော့ စစ်အာဏာရှင်အောက်ကို ခေါင်းလျှိုဝင်သွားပါပြီ။

Facebook