Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းသည့် (၂)နှစ်ပြည့်‌ ဖေဖော်ဝါရီ ၁ရက်တွင် အသံတိတ်သပိတ်ပြုလုပ်ရန် တိုက်တွန်း

အသံတိတ်သပိတ်ကို နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ (၂)နာရီသာ ပြုလုပ်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူထားကာ အသံတိတ်သပိတ်၌ ပါဝင်ပေးရန် DYCက မေတ္တာရပ်ခံထားသည်။

အာဏာသိမ်းသည့် (၂)နှစ်ပြည့်‌ ဖေဖော်ဝါရီ ၁ရက်တွင် အသံတိတ်သပိတ်ပြုလုပ်ရန် တိုက်တွန်း
အာဏာသိမ်းသည့် (၂)နှစ်ပြည့်‌ ဖေဖော်ဝါရီ ၁ရက်တွင် အသံတိတ်သပိတ်ပြုလုပ်ရန် တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းသည့် (၂)နှစ်ပြည့်‌ ဖေဖော်ဝါရီ ၁ရက်တွင် အသံတိတ် သပိတ်ပြုလုပ်ရန် ဒီမိုကရက်တစ်လူငယ်ကောင်စီ (Democratic Youth Council-DYC)က ပြည်သူများအား တိုက်တွန်းထားသည်။

“ဒီ (၂)နှစ်တာကာလမှာ ကျွန်တော်တို့ပြည်သူတွေဟာ စစ်အာဏာရှင်ရဲ့အမိန့်ဟူသမျှ ဖီဆန်ပြီး အဖက်ဖက်က တိုက်ပွဲဝင်နေကြပါတယ်။၂နှစ်ကြာတဲ့အထိ ကျွန်တော်တို့သွေးတွေ မအေးသေးပါဘူး။ အကြမ်းဖက်စစ်တပ်ကို ရွံရှာမုန်းတီးနေဆဲဖြစ်တဲ့ ပြည်သူ့အင်အားကို ၁ရက်နေ့မှာ အသံတိတ်သပိတ်ပြုလုပ်ပြီး ပြသကြပါမယ်။”ဟု DYC က တိုက်တွန်းထားသည်။

အသံတိတ်သပိတ်ကို နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ (၂)နာရီသာ ပြုလုပ်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူထားကာ အသံတိတ်သပိတ်၌ ပါဝင်ပေးရန် DYCက မေတ္တာရပ်ခံထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ဖေဖော်ဝါရီ (၁)ရက်တွင် နိုင်ငံ့ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးနှင့်ပတ်သက်သူများကို မတရားသဖြင့် ဖမ်းဆီးပြီး အာဏာလုယူခဲ့သည်။

Public Service Announcement

Public Service Announcement

“အာဏာရူးတစ်သိုက်က ၁ရက်နေ့မှာ တပ်ထောက်ခံပွဲပြုလုပ်ကြမည်ဖြစ်ပါသဖြင့် အကြမ်းဖက်အားပေးများ အနီးမှာ မနေပါနဲ့”ဟု GYC က အကြံပြုထားသည်။

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းသည့်ကာလအတွင်း အသံတိတ်သပိတ်ပြုလုပ်မှုများသည် အောင်မြင်ခဲ့သောကြောင့် စစ်ကောင်စီက ယင်းသပိတ်ပြုလုပ်မည့် အချိန်များတွင် ဆိုင်များမပိတ်ရန် ဖိအားပေး အကြမ်းဖက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။