Connect with us

Hi, what are you looking for?

သတင်း

လာမယ့် ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံပြန်မတင်ရင် ပါတီဖျက်မယ့် ဥပဒေစစ်ကောင်စီပြဌာန်း

နိုင်ငံရေးအကဲခတ်တွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဥပဒေသစ်မှာ အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံခိုင်ရေးပါတီကို အသာရစေတဲ့ ဥပဒေဖြစ်ပြီး NLD ပါတီကို ဖိနှိပ်ထားတဲ့ ဥပဒေ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

လာမယ့် ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံပြန်မတင်ရင် ပါတီဖျက်မယ့် ဥပဒေစစ်ကောင်စီပြဌာန်း
လာမယ့် ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံပြန်မတင်ရင် ပါတီဖျက်မယ့် ဥပဒေစစ်ကောင်စီပြဌာန်း

ယခင်နအဖ စစ်အစိုးရ လက်ထက်က ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေကို စစ်ကောင်စီက ပယ်ဖျက်လိုက်ပြီး ပိုမိုတင်းကြပ်တဲ့ ဥပဒေသစ်ကို ဇန်နဝါရီလ ၂၆ ရက်က ပြဌာန်းလိုက်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် လက်မှတ်ထိုးပြဌာန်းလိုက်တဲ့ ဥပဒေသစ်အရ နိုင်ငံရေးပါတီတွေအားလုံး လာမယ့်ရက်ပေါင်း ၆၀ အတွင်းပြန်လည်မှတ်ပုံတင်ရမှာဖြစ်ပြီး မှတ်ပုံမတင်ရင် ပါတီဖျက်သိမ်းဖို့စီစဉ်ထားတာပါ။

မနေ့က ပြဌာန်းလိုက်တဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေမှာအသစ်ဖြည့်စွက်ချက်တွေတွေ့ရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မယ့် ပါတီတွေဟာ မှတ်ပုံတင်ခွင့်ပြုတဲ့ ရက်ကနေ ရက်ပေါင်း ၉၀ အတွင်းပါတီဝင်အင်အား တစ်သိန်း စုဆောင်းရမှာဖြစ်သလို မြန်မာ့စီးပွားရေး ဘဏ်မှာ ငွေကျပ်သိန်းတစ်ထောင်နဲ့ အကောင့်ဖွင့်ထားရမယ်လို့ အသစ်ဖြည့်စွက်ပါတယ်။

Public Service Announcement

Public Service Announcement

တိုင်းနဲ့ ပြည်နယ်အဆင့်ပြိုင်မယ့် ပါတီတွေကို ပါတီဝင်အင်အား တစ်ထောင်သာ စုဆောင်းခိုင်းပြီး ဘဏ်စာရင်းမှာလည်း ကျပ်သိန်းတစ်ရာဖွင့်ထားဖို့ စစ်ကောင်စီဥပဒေမှာ ထည့်သွင်းထားပါတယ်။

ရွေးကောက်ပွဲ ဝင်ပြိုင်ရာမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မယ့် ပါတီတွေဟာ မဲဆန္ဒနယ်တွေအားလုံးရဲ့ ထက်ဝက်ကျော်ကို ဝင်ပြိုင်ရမှာဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်အဆင့် ပါတီတွေက သက်ဆိုင်ရာ ဒေသမှာရှိတဲ့ မဲဆန္ဒနယ် တစ်ခု အနည်းဆုံးဝင်ပြိုင်ရမှာပါ။

တစ်နိုင်ငံလုံးဝင်ပြိုင်မယ့် ပါတီတွေ မြို့နယ် ၁၅၀ ကျော်မှာ ပါတီရုံးခန်းဖွင့်လှစ်ထားရမယ်လို့ စစ်ကောင်စီဥပဒေသစ်မှာသတ်မှတ်ထားတာတွေ့ရပါတယ်။

အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးမှ မှတ်ပုံတင်တဲ့ ပါတီတွေဟာ ကြားဖြတ်ရွေးကောက်ပွဲ တွေကို ဝင်ပြိုင်ခွင့်မရှိဘူးဆိုတဲ့အချက်ကိုလည်း စစ်ကောင်စီက ထည့်ရေးထားပါသေးတယ်။

ဒါအပြင် စစ်ကောင်စီရဲ့နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေအသစ်မှာ အကြမ်းဖက်အဖြစ် သတ်မှတ်ထားတဲ့အဖွဲ့အစည်းတွေ ၊လူပုဂ္ဂိုလ် တွေနဲ့တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်ပြီးဖြစ်စေ ပတ်သက်တဲ့သူတွေ ၊ထောင်ဒဏ်ချခံရသူတွေကို ပါတီဝင်အဖြစ် လက်မခံရဆိုတဲ့အချက်ကိုပါ အသားပေးပြီးထည့်ထားတာတွေ့ရပါတယ်။

အဲဒီအသစ်ဖြည့်စွက်ချက်တွေကို မလိုက်နာရင် ပါတီအဖြစ်ကနေ ဖျက်သိမ်းခံရမယ်လို့ စစ်ကောင်စီရဲ့ဥပဒေမှာပြောထားပါတယ်။

နိုင်ငံရေးအကဲခတ်တွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဥပဒေသစ်မှာ အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံခိုင်ရေးပါတီကို အသာရစေတဲ့ ဥပဒေဖြစ်ပြီး NLD ပါတီကို ဖိနှိပ်ထားတဲ့ ဥပဒေ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

NLD ပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကိုသာ ဆုပ်ကိုင်ထားပြီး စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို လုံးဝအသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။

NUG အစိုးရ ၊ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ နဲ့ တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို လက်မခံဘူးလို့ တရားဝင်ပြောဆိုထားကြပါတယ်။

စစ်ကောင်စီခေါင်းဆောင်ကတော့ ဘယ်လိုအခြေအနေပဲဖြစ်စေ ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်မယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထပ်မံပြောဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook