Connect with us

Hi, what are you looking for?

သတင်း

ပေါက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးလိုက်ပါလာသည့်ယာဉ်နှင့် တော်လှန်ရေးအင်အားစုများ ပစ်ခတ်မှုဖြစ်

ယနေ့ (ဇန်နဝါရီ ၂၇ရက်)မွန်းလွဲ ၂ နာရီ ၄၅မိနစ်ခန့်က ပေါက်မြို့အရှေ့ဘက် (၄)မိုင်အကွာယာကြီးပင်ရွာ ပျူစောထီးစခန်းမှ စစ်​ဗိုလ်နှစ်ဦးအပါအဝင်လေးဦးသည် ပေါက်မြို့သို့ Mark-2 ကားဖြင့် မောင်းနှင်လာခဲ့သည်။

သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ကား၊ ဓာတ်ပုံ-မြိုင်(ပကဖ)
သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ကား၊ ဓာတ်ပုံ-မြိုင်(ပကဖ)

▪️စစ်ဗိုလ်နှင့် တပ်ကြပ်သေဆုံးပြီး လက်နက်နှင့်ကျည်များသိမ်းဆည်းရမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ဗိုလ်နှစ်ဦးအပါ အဝင် လေးဦးလိုက်ပါလာသည့်ယာဥ်နှင့် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ဗိုလ်နှင့် တပ်ကြပ်တို့ သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ​ကိုလယျာ်က ပြောသည်။

ယနေ့ (ဇန်နဝါရီ ၂၇ရက်)မွန်းလွဲ ၂ နာရီ ၄၅မိနစ်ခန့်က ပေါက်မြို့အရှေ့ဘက် (၄)မိုင်အကွာယာကြီးပင်ရွာ ပျူစောထီးစခန်းမှ စစ်​ဗိုလ်နှစ်ဦးအပါအဝင်လေးဦးသည် ပေါက်မြို့သို့ Mark-2 ကားဖြင့် မောင်းနှင်လာခဲ့သည်။

သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ကား၊ ဓာတ်ပုံ-မြိုင်(ပကဖ)
သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ကား၊ ဓာတ်ပုံ-မြိုင်(ပကဖ)

ထိုအချိန် အုန်းတောကျေးရွာအနီး၌ မဟာမိတ်အဖွဲ့က စစ်ဆေးနေစဉ် အဆိုပါယာဥ်ရောက်လာပြီး ယာဉ်ပေါ် မှ စတင်ပစ်ခတ်သဖြင့် မဟာမိတ်ရဲဘော်များက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ယာဥ်ပေါ်ပါ စစ်ဗိုလ်တစ်ဦးနှင့် တပ်ကြပ်တစ်ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး ကျန်စစ်သားတစ်ဦးနှင့် ဗိုလ်ထိန်လင်းစိုးဆိုသူတွင် စိုးရိမ်ရ သေနတ်ဒဏ်ရာများအသီးသီး ရရှိသွားကြောင်း ကိုလယျာ်က ပြောသည်။

Public Service Announcement

Public Service Announcement

ကျန်စစ်ဗိုလ်နှင့် စစ်သားနှစ်ဦးသည် ယာဉ်ပေါ်မှ သေနတ်များယူဆောင်ပြီး ထွက်ပြေးသွား၍ လိုက်လံပစ်ခတ်ရာ နှစ်ဦးလုံး ဒဏ်ရာအသီးသီးရရှိ၍ လွတ်မြောက်သွားကြောင်း သိရသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်အုပ်စုထံမှ MA-3 သေနတ်တစ်လက်၊ ကျည်ဘောက် တစ်ခု၊ ကျည် ၆၈ တောင့်၊Icon တစ်လုံး၊ ကျည်ကာတစ်ထည် သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

မဟာမိတ်အဖွဲ့များဘက်က ရဲဘော်တစ်ဦး​၏ ပေါင်တွင် သေနတ်ကျည်ထိမှန်ဖောက်ထွက်ခြင်း၊ ဖနောင့်တွင် သေနတ်ကျည်ထိမှန်ခြင်းတို့ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း ကိုလယျာ်က ပြောသည်။

“သူတို့ကားပေါ်မှာ ဗိုလ်နှစ်ကောင်နဲ့ အကြပ်နှစ် ကောင်ပါတယ်။ သူတို့က ကျွန်တော်တို့အဖွဲ့ကိုမြင်တာနဲ့ တန်းပစ်တော့တာ။ ကျွန်တော်တို့က ပြန်ပစ်တော့ စစ်ဗိုလ်တစ်ကောင်နဲ့အကြပ်တစ်ကောင် သေတယ်။ လွတ်သွားတဲ့နှစ်ယောက်ထဲက ဗိုလ် ထိန်လင်းစိုးဆိုတဲ့ကောင်လည်း ခုခွဲစိတ်ခန်းဝင်နေရတယ်။ စိုးရိမ်ရတယ်ကြားတယ်။ ဒီကောင်တွေကပြေးရင်းနဲ့ချောက်ထဲမှာခိုအောင်းခဲ့တယ်ကြားတယ်။ ကျည်အားနည်းလို့လိုက်မပစ်နိုင်တာ။”ဟု ကိုလယျာ်က ပြောသည်။

၎င်းတို့မောင်းနင်လာသော ယာဉ်မှာမောင်း၍ မရတော့ဘဲ မီးရှို့ရန်လည်း စစ်ကူလာရန်နီးကပ်ခြင်း၊ အဖွဲ့လုံခြုံရေးကျိုးပေါက်မည်ကို စိုးရိမ်ခြင်းတို့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်(ပကဖ)က ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင် (ပကဖ)ရင်း ( ၁ )၊ ပေါက် ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များနှင့် YDF တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook