Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးလိုက်ပါလာသည့်ယာဉ်နှင့် တော်လှန်ရေးအင်အားစုများ ပစ်ခတ်မှုဖြစ်

ယနေ့ (ဇန်နဝါရီ ၂၇ရက်)မွန်းလွဲ ၂ နာရီ ၄၅မိနစ်ခန့်က ပေါက်မြို့အရှေ့ဘက် (၄)မိုင်အကွာယာကြီးပင်ရွာ ပျူစောထီးစခန်းမှ စစ်​ဗိုလ်နှစ်ဦးအပါအဝင်လေးဦးသည် ပေါက်မြို့သို့ Mark-2 ကားဖြင့် မောင်းနှင်လာခဲ့သည်။

သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ကား၊ ဓာတ်ပုံ-မြိုင်(ပကဖ)
သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ကား၊ ဓာတ်ပုံ-မြိုင်(ပကဖ)

▪️စစ်ဗိုလ်နှင့် တပ်ကြပ်သေဆုံးပြီး လက်နက်နှင့်ကျည်များသိမ်းဆည်းရမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ဗိုလ်နှစ်ဦးအပါ အဝင် လေးဦးလိုက်ပါလာသည့်ယာဥ်နှင့် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ဗိုလ်နှင့် တပ်ကြပ်တို့ သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ​ကိုလယျာ်က ပြောသည်။

ယနေ့ (ဇန်နဝါရီ ၂၇ရက်)မွန်းလွဲ ၂ နာရီ ၄၅မိနစ်ခန့်က ပေါက်မြို့အရှေ့ဘက် (၄)မိုင်အကွာယာကြီးပင်ရွာ ပျူစောထီးစခန်းမှ စစ်​ဗိုလ်နှစ်ဦးအပါအဝင်လေးဦးသည် ပေါက်မြို့သို့ Mark-2 ကားဖြင့် မောင်းနှင်လာခဲ့သည်။

သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ကား၊ ဓာတ်ပုံ-မြိုင်(ပကဖ)
သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ကား၊ ဓာတ်ပုံ-မြိုင်(ပကဖ)

ထိုအချိန် အုန်းတောကျေးရွာအနီး၌ မဟာမိတ်အဖွဲ့က စစ်ဆေးနေစဉ် အဆိုပါယာဥ်ရောက်လာပြီး ယာဉ်ပေါ် မှ စတင်ပစ်ခတ်သဖြင့် မဟာမိတ်ရဲဘော်များက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ယာဥ်ပေါ်ပါ စစ်ဗိုလ်တစ်ဦးနှင့် တပ်ကြပ်တစ်ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး ကျန်စစ်သားတစ်ဦးနှင့် ဗိုလ်ထိန်လင်းစိုးဆိုသူတွင် စိုးရိမ်ရ သေနတ်ဒဏ်ရာများအသီးသီး ရရှိသွားကြောင်း ကိုလယျာ်က ပြောသည်။

ကျန်စစ်ဗိုလ်နှင့် စစ်သားနှစ်ဦးသည် ယာဉ်ပေါ်မှ သေနတ်များယူဆောင်ပြီး ထွက်ပြေးသွား၍ လိုက်လံပစ်ခတ်ရာ နှစ်ဦးလုံး ဒဏ်ရာအသီးသီးရရှိ၍ လွတ်မြောက်သွားကြောင်း သိရသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်အုပ်စုထံမှ MA-3 သေနတ်တစ်လက်၊ ကျည်ဘောက် တစ်ခု၊ ကျည် ၆၈ တောင့်၊Icon တစ်လုံး၊ ကျည်ကာတစ်ထည် သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

မဟာမိတ်အဖွဲ့များဘက်က ရဲဘော်တစ်ဦး​၏ ပေါင်တွင် သေနတ်ကျည်ထိမှန်ဖောက်ထွက်ခြင်း၊ ဖနောင့်တွင် သေနတ်ကျည်ထိမှန်ခြင်းတို့ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း ကိုလယျာ်က ပြောသည်။

“ သူတို့ကားပေါ်မှာ ဗိုလ်နှစ်ကောင်နဲ့ အကြပ်နှစ် ကောင်ပါတယ်။ သူတို့က ကျွန်တော်တို့အဖွဲ့ကိုမြင်တာနဲ့ တန်းပစ်တော့တာ။ ကျွန်တော်တို့က ပြန်ပစ်တော့ စစ်ဗိုလ်တစ်ကောင်နဲ့အကြပ်တစ်ကောင် သေတယ်။ လွတ်သွားတဲ့နှစ်ယောက်ထဲက ဗိုလ် ထိန်လင်းစိုးဆိုတဲ့ကောင်လည်း ခုခွဲစိတ်ခန်းဝင်နေရတယ်။ စိုးရိမ်ရတယ်ကြားတယ်။ ဒီကောင်တွေကပြေးရင်းနဲ့ချောက်ထဲမှာခိုအောင်းခဲ့တယ်ကြားတယ်။ ကျည်အားနည်းလို့လိုက်မပစ်နိုင်တာ။” ဟု ကိုလယျာ်က ပြောသည်။

၎င်းတို့မောင်းနင်လာသော ယာဉ်မှာမောင်း၍ မရတော့ဘဲ မီးရှို့ရန်လည်း စစ်ကူလာရန်နီးကပ်ခြင်း၊ အဖွဲ့လုံခြုံရေးကျိုးပေါက်မည်ကို စိုးရိမ်ခြင်းတို့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်(ပကဖ)က ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင် (ပကဖ)ရင်း ( ၁ )၊ ပေါက် ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များနှင့် YDF တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အထိနာ၍ လက်နက်ကြီးများ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။

သတင်း

ချင်းပြည်နယ် အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ်က အခုနှစ် ဧပြီမှစ၍ ဟားခါးမြို့ပေါ်တွင် မီတာခကောက်ရန် ညွှန်ကြားချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လုပ်ဆောင်ရန် စီစဉ်နေကြောင်း ကြာသိရ၍ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဝက်လက်နယ်၌ မိုင်းဆွဲခံရသော စစ်အုပ်စုသည် ရွှေဘိုမြို့သို့ပြန်လည်ဆုတ်ခွာသွား၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေးလမ်းအား ပြန်လည်ဖွင့်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။