Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရဲ့အခြေအနေ ပုံမှန်မဖြစ်သေးဘူးလို့ အာဏာသိမ်းခေါင်းဆောင်ပြော

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မနက်ပိုင်း ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာတဲ့ လွှတ်တော်အစည်းအဝေးတွေ မစတင်မီမှာ စစ်တပ်ဟာ အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင်တွေကို ဖမ်းဆီးပြီးအာဏာသိမ်းခဲ့တာပါ။

ဓာတ်ပုံ − စစ်ကောင်စီ
ဓာတ်ပုံ − စစ်ကောင်စီ

မြန်မာနိုင်ငံရဲ့အခြေအနေဟာ သာမန်မဟုတ်တဲ့အခြေအနေမှာ ရှိနေဆဲဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင်က ယာယီသမ္မတ တာဝန်ယူတဲ့ ဦးမြင့်ဆွေထံ တင်ပြတယ်လို့ သတင်းထုတ်လာပါတယ်။

ဒီနေ့မှာ ကာလုံအစည်းအဝေးခေါ်ယူကျင်းပတာဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်က ၂ နှစ်တာကာလအတွင်းမြန်မာနိုင်ငံရဲ့အခြေအနေတွေကိုတင်ပြတာလို့ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ မီဒီယာတွေက ဖော်ပြပါတယ်။

CRPH၊ NUG နဲ့ PDF တွေဟာ အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတယ်လို့ စစ်ကောင်စီခေါင်းဆောင်က စွပ်စွဲထားပြီး အဲဒီအဖွဲ့တွေကြောင့် တိုင်းပြည်ဟာ သာမာန်အခြေအနေမရောက်သေးဘူးလို့အကြောင်းပြပါတယ်။

ဓာတ်ပုံ − စစ်ကောင်စီ
ဓာတ်ပုံ − စစ်ကောင်စီ

ဒီနေ့ ကာလုံအစည်းအဝေးက ဆုံးဖြတ်ချက်တွေကို မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်မှာ ထုတ်ပြန်မယ်လို့စစ်အုပ်စုက သတင်းထုတ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံကိုအရေးပေါ်ကာလ ၂ နှစ်အထိသာ ကြေညာလို့ရတာဖြစ်ပြီး ၂ နှစ်ပြည့်တဲ့နေ့မှာ ကာလုံလို့ခေါ်တဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီထံကို အာဏာပြန်အပ်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံဟာ သာမာန်မဟုတ်တဲ့အခြေအနေမှာဆက်ရှိနေရင် အရေးပေါ်ကာလကို ထပ်တိုးနိုင်သယောင် စစ်ဗိုလ်ချုပ်ဟောင်းအချို့က အာဏာသိမ်းကာလ ၂ နှစ်မပြည့်ခင် လပိုင်းအလိုတွေကတည်းက နှပ်ကြောင်းပေးတာတွေရှိခဲ့ပါတယ်။

မည်သို့ပင် ၂၀၀၈ အခြေခံဥပဒေက ပြဌာန်းထားပါစေ စစ်ကောင်စီခေါင်းဆောင်ဟာ အာဏာကို လက်လွှတ်မှာမဟုတ်ဘဲ အသွင်တမျိုးပြောင်းကာ ဆက်လက်ဆုပ်ကိုင်ထားမှာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားကြပါတယ်။

NUG အပါအဝင် စစ်ကောင်စီ ကိုတော်လှန်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ စစ်အုပ်စုဟာ ရွေးကောက်ခံအရပ်သားအစိုးရကို တရားမဝင်ဖြုတ်ချပြီး အာဏာသိမ်းကတည်းက ကိုင်တိုင်ရေးဆွဲထားတဲ့အခြေခံဥပဒေကိုချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျုးလွန်တာလို့ သတ်မှတ်ထားကြပါတယ်။

ဒါအပြင် ၂၀၀၈ အခြေခံဥပဒေဟာလည်း ဖျက်သိမ်းပြီးဖြစ်တယ်လို့တရားဝင်ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မနက်ပိုင်း ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာတဲ့ လွှတ်တော်အစည်းအဝေးတွေ မစတင်မီမှာ စစ်တပ်ဟာ အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင်တွေကို ဖမ်းဆီးပြီးအာဏာသိမ်းခဲ့တာပါ။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီခေါင်းဆောင်ဟာ ကာလုံအစည်းအဝေးခေါ်ပြီး စစ်တပ်က တင်မြှောက်ထားတဲ့ ဒုသမ္မတ ဦးမြင့်ဆွေကို ယာယီသမ္မတခန့်ပြီး တိုင်းပြည်ကိုအရေးပေါ်ကာလသတ်မှတ်ခဲ့တာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။