Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်၌ အပြန်အလှန်ပစ်ခတ်မှုဖြစ်

စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း၊ အဆိုပါစစ်ဆင်ရေးကို ပေါက်မြို့နယ်က ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ၊ မြိုင်(ပကဖ) ရင်း-၁ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ပေါက်မြို့အဝင် တစ်နေရာကို တွေ့ရစဥ်၊ ဓာတ်ပုံ - Cj
ပေါက်မြို့အဝင် တစ်နေရာကို တွေ့ရစဥ်၊ ဓာတ်ပုံ - Cj

မကွေးတိုင်း၊ ပေါက်မြို့အဝင်ရှိ စစ်ကောင်စီတပ်နှင့်ရဲများအထိုင်ချစစ်ဆေးနေသောဂိတ်ကို ယမန်နေ့ညက ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုရှိကြောင်း မြိုင်(ပကဖ) ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၃ ရက်) ည ၉ နာရီကျော်က ပေါက်မြို့အဝင် အိမ်တွင်းစက်မှုလက်မှုအတက်သင်ကျောင်းရှေ့ရှိ စစ်ကောင်စီတပ်နှင့်ရဲများ၏ စစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကိုလယျာ်က ပြောသည်။

ည ၁၀နာရီခွဲခန့်တွင် ဝင်ရောက်တိုက်ခိုက်ရာ ဂိတ်ရှိ စစ်ကောင်စီတပ်နှင့်ရဲများ ထွက်ပြေးသွားပြီး စုရပ်တစ်နေရာအရောက်တွင် လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁နာရီကျော်ကြာမြင့်ခဲ့ကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း၊ အဆိုပါစစ်ဆင်ရေးကို ပေါက်မြို့နယ်က ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ၊ မြိုင်(ပကဖ) ရင်း-၁ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဇန်နဝါရီ ၃၀ရက်က ပေါက်မြို့နယ်၊ ဖလံကိုင်းရေနံမှော်သို့ ရိက္ခာပို့လာသောစစ်ကြောင်းသည် ရပ်ရွာကာကွယ်‌ရေးအဖွဲ့ (BLY) ၏ ကင်းတဲ(၂)ခု၊ စာသင်ကျောင်းတစ်ခုနှင့် လူနေအိမ် ငါးလုံးခန့်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းစစ်အုပ်စုကို ဒရုန်းဖြင့် အီနာဂါ ခြောက်လုံးချတိုက်ခိုက်ရာ စစ်ကောင်စီဘက်ကအထိအခိုက်ရှိကြောင်း Anonymous Special Task Force-Pauk နှင့် BLYအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

Facebook