Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်မြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်၌ အပြန်အလှန်ပစ်ခတ်မှုဖြစ်

စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း၊ အဆိုပါစစ်ဆင်ရေးကို ပေါက်မြို့နယ်က ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ၊ မြိုင်(ပကဖ) ရင်း-၁ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ပေါက်မြို့အဝင် တစ်နေရာကို တွေ့ရစဥ်၊ ဓာတ်ပုံ - Cj
ပေါက်မြို့အဝင် တစ်နေရာကို တွေ့ရစဥ်၊ ဓာတ်ပုံ - Cj

မကွေးတိုင်း၊ ပေါက်မြို့အဝင်ရှိ စစ်ကောင်စီတပ်နှင့်ရဲများအထိုင်ချစစ်ဆေးနေသောဂိတ်ကို ယမန်နေ့ညက ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုရှိကြောင်း မြိုင်(ပကဖ) ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၃ ရက်) ည ၉ နာရီကျော်က ပေါက်မြို့အဝင် အိမ်တွင်းစက်မှုလက်မှုအတက်သင်ကျောင်းရှေ့ရှိ စစ်ကောင်စီတပ်နှင့်ရဲများ၏ စစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကိုလယျာ်က ပြောသည်။

ည ၁၀နာရီခွဲခန့်တွင် ဝင်ရောက်တိုက်ခိုက်ရာ ဂိတ်ရှိ စစ်ကောင်စီတပ်နှင့်ရဲများ ထွက်ပြေးသွားပြီး စုရပ်တစ်နေရာအရောက်တွင် လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁နာရီကျော်ကြာမြင့်ခဲ့ကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း၊ အဆိုပါစစ်ဆင်ရေးကို ပေါက်မြို့နယ်က ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ၊ မြိုင်(ပကဖ) ရင်း-၁ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဇန်နဝါရီ ၃၀ရက်က ပေါက်မြို့နယ်၊ ဖလံကိုင်းရေနံမှော်သို့ ရိက္ခာပို့လာသောစစ်ကြောင်းသည် ရပ်ရွာကာကွယ်‌ရေးအဖွဲ့ (BLY) ၏ ကင်းတဲ(၂)ခု၊ စာသင်ကျောင်းတစ်ခုနှင့် လူနေအိမ် ငါးလုံးခန့်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းစစ်အုပ်စုကို ဒရုန်းဖြင့် အီနာဂါ ခြောက်လုံးချတိုက်ခိုက်ရာ စစ်ကောင်စီဘက်ကအထိအခိုက်ရှိကြောင်း Anonymous Special Task Force-Pauk နှင့် BLYအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။