Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်ချုပ်ရေးသတ်မှတ်ထားသည့် ရှားတော၌ စစ်ကောင်စီက ဒေသခံများအပေါ် ကန့်သတ်ချက် များပိုမိုတင်းကြပ်

ရှားတောမြို့နယ်ရှိ စခန်းထိုင် ခလရ(၄၂၈)တပ်နှင့် လှုပ်ရှားတပ် ခလရ (၅၁၀)တပ်တို့က ရှားတော မြို့ပေါ်နှင့် မြို့ပြင်ပ လူထုများအား ဖြတ်လေးဖြတ် စနစ်ကျင့်သုံးအုပ်ချုပ်နေသည်ဟု ဆိုသည်။

(ရှားတောရှိ စကစ တပ်စခန်းတစ်ခုအား ကရင်နီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးထားစဉ်၊ဓာတ်ပုံ - KA)
(ရှားတောရှိ စကစ တပ်စခန်းတစ်ခုအား ကရင်နီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးထားစဉ်၊ဓာတ်ပုံ - KA)

စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာခြင်းခံထားရသည့် ကရင်နီပြည်နယ် ရှားတောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များက ဒေသခံပြည်သူ များအား ကန့်သတ်မှုများ၊ ပိုမိုတင်းကြပ်သည့် စည်းကမ်းများချမှတ် ဆောင်ရွက်နေကြောင်း ကရင်နီတပ်မတော် (KA)က အသိပေးသည်။

ရှားတောမြို့နယ်ရှိ စခန်းထိုင် ခလရ(၄၂၈)တပ်နှင့် လှုပ်ရှားတပ် ခလရ (၅၁၀)တပ်တို့က ရှားတော မြို့ပေါ်နှင့် မြို့ပြင်ပ လူထုများအား ဖြတ်လေးဖြတ် စနစ်ကျင့်သုံးအုပ်ချုပ်နေသည်ဟု ဆိုသည်။

ပြည်သူများအား PDF ၊KA အဖွဲ့များနှင့် လုံး၀ အဆက်အသွယမပြုရန်၊ တောင်ယာသို့ သွားလာပါက မြို့နယ်အုပ်ချုပ်ရေးမှူးထံ ခရီးသွားလက်မှတ်ရယူရန်၊ ရိက္ခာ အကန့်အသတ် ဖြင့် သွားလာရန်၊ ကိုယ်စားလက်မှတ်ရယူခြင်း လုံး၀မပြုရန် စသည့် စည်းကမ်းများထုတ်ပြန်ထား၍ မြို့နယ် နေ လူထုများ အခက်အခဲပိုမိုဖြစ်နေရသည်ဟု KAက ထုတ်ပြန်သည်။

“သူတို့ လုပ်တဲ့ အလုပ်တွေက မဖြတ်ခင်( စစ်အုပ်ချုပ်ရေးမကြေညာခင်)ကတည်းက ပြတ်နေပြီးသားပဲလေ။ သူတို့ မလုပ်သင့်တာတွေ လုပ်ပြီးကတည်းကိုက အားလုံးက ဘာမှ လုပ်ကိုင်စားလို့မရတော့ဘဲ ဖြတ်လေးဖြတ်မဟုတ်ရင်တောင် အကုန်ဖြတ်ပြီးသားတွေဖြစ်နေပါပြီ။ အဲဒီလမ်းကြောက နဂိုရ်ကတည်းက ကုန်သွယ်မှုလမ်းကြောင်းမဟုတ်ဘူး။ မဟုတ်တော့ သိပ်တော့ ပြဿနာမရှိပါဘူး၊ တောသူတောင်သားကတော့ ရှိတာနဲ့ စားနေကြရမှာပဲ”ဟု ကရင်နီဒေသခံ တစ်ဦးက ရှားတောအခြေအနေကို ပြောသည်။

Public Service Announcement

Public Service Announcement

ရှားတော၌ စစ်ကောင်စီတပ်အင်အား နည်းပါးနေကြောင်း၊ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရှားတောမြို့နယ်၌ စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ကြားသိရကြောင်း ဒေသခံက ပြောသည်။

“အခုနောက်ပိုင်းတောက်လျှောက်လိုလို လေယာဉ်နဲ့ပဲ သုံးနေတာ။ တို့ကရင်နီမှာ နှစ်ရက်ဆက်တိုက်လိုလေယာဉ်ပဲ သုံးနေတယ်။ ပထမ ဟိုတစ်နေ့ က ရှားတော့မှာ ဗုံးသွားကြဲတယ်ဆိုတာတော့ ကြားရတယ်။ တိုက်ပွဲတော့မရှိဘူး။မနေ့ညကတော့ ဒီးမော့ဆိုတို့ ဆောင်ကန်းတို့ဘက်လို့ ကြားတယ်။ ငါတို့လည်း ကြားတယ်။ လက်နက်ကြီးလို့ ထင်တာပေါ့။ ဒါပေမဲ့ လိုင်းပေါ် အချင်းချင်း ပြောကြတာကတော့ လေယာဉ်နဲ့ ဗုံးကြဲတာလို့ အဲဒီလိုပြောတယ်”ဟု ကရင်နီဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။