Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာရေတွင်းကျဥ်းလေးထဲပြုတ်ကျ​နေတဲ့ မြန်မာကလေးငယ်ကို ကယ်ဆယ်​ရေးအဖွဲ့​တွေကခက်ခက်ခဲခဲကယ်တင်

ကလေးမလေးဟာ မြေအနက် ၁၄ မီတာ (၄၂ ပေ)လောက်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ၁၇ နာရီလောက်ဆက်တိုက် တွင်းတူးခဲ့တဲ့နောက် ကလေးမလေးရဲ့ ငိုသံကို ကြားခွင့်ရခဲ့ကြပါတယ်။

(ကယ်ဆယ်​ရေးလုပ်ငန်းများ​ဆောင်ရွက်​နေစဥ်နှင့်က​လေးငယ်ကိုတွင်းထဲမှ ထုတ်လာစဥ်။ဓါတ်ပုံ-Fire & Rescue Thailand)
(ကယ်ဆယ်​ရေးလုပ်ငန်းများ​ဆောင်ရွက်​နေစဥ်နှင့်က​လေးငယ်ကိုတွင်းထဲမှ ထုတ်လာစဥ်။ဓါတ်ပုံ-Fire & Rescue Thailand)

ထိုင်းနိုင်ငံက ကျေးလက်​ဒေသတစ်ခုမှာ ပေ ၄၀ ကျော်နက်တဲ့ ရေတွင်းကျဥ်း​လေးထဲ ပြုတ်ကျသွားတဲ့ တစ်နှစ်ကျော်အရွယ်မြန်မာ ကလေးငယ်တစ်ဦးကို ၁၇ နာရီကြာကယ်ဆယ်ဖို့ကြိုးပမ်းပြီးတဲ့​နောက်ကယ်ဆယ်​ရေးသမား​တွေက အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေက ညလုံးပေါက် တူးဖော်မှုတွေ လုပ်ခဲ့တဲ့နောက် အကျယ် ၁ ပေ (၃၀ စင်တီမီတာ)လောက်သာ ရှိတဲ့ ရေတွင်းထဲ ကျနေတဲ့ အသက် ၁ နှစ်နဲ့ ၇ လအရွယ်( ၁၉ လ)သာရှိတဲ့ကလေးမလေးဆီ ချောချောမောမော ရောက်ရှိနိုင်ခဲ့တယ်လို့အာဏာပိုင်တွေကကြေညာပါတယ်။

မြန်မာ ရွှေ့ပြောင်းလုပ်သားမိသားစုတစ်ခုကကလေးမလေးဟာ တက်ခ်ဒေသမှာဖေဖော်ဝါရီ ၆ ရက်ကဆော့ကစားနေရင်း ကျဉ်းမြောင်းတဲ့ တွင်းပေါက်ထဲ ကျသွားခဲ့တာ ဖြစ်ပါတယ်။ သတင်းကြားကြားချင်း ကယ်ဆယ်ရေး အဖွဲ့တွေဟာ စက်ယန္တရားကြီးတွေကိုပါအသုံးပြုပြီးကလေးမလေးကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ကလေးမလေးဟာ မြေအနက် ၁၄ မီတာ (၄၂ ပေ)လောက်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ၁၇ နာရီလောက်ဆက်တိုက် တွင်းတူးခဲ့တဲ့နောက် ကလေးမလေးရဲ့ ငိုသံကို ကြားခွင့်ရခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

(ကယ်ဆယ်​ရေးလုပ်ငန်းများ​ဆောင်ရွက်​နေစဥ်နှင့်က​လေးငယ်ကိုတွင်းထဲမှ ထုတ်လာစဥ်။ဓါတ်ပုံ-Fire & Rescue Thailand)
(ကယ်ဆယ်​ရေးလုပ်ငန်းများ​ဆောင်ရွက်​နေစဥ်နှင့်က​လေးငယ်ကိုတွင်းထဲမှ ထုတ်လာစဥ်။ဓါတ်ပုံ-Fire & Rescue Thailand)

တစ်ညလုံး တွင်းတူးထားတဲ့နောက် ကယ်ဆယ်ရေး အဖွဲ့တွေဟာ မနက် ၈ နာရီလောက်မှာ မိန်းကလေးကို ရှာတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးမလေးဟာ တွင်းထဲ ပြုတ်ကျတဲ့အချိန် ခြေထောက်မှာ ဒဏ်ရာရထားခဲ့တာကြောင့် သူ့ကို ချက်ချင်း ဆွဲမထုတ်နိုင်ဘဲ ပိုပြီး နီးကပ်အောင် တွင်းဆက်တူးခဲ့ရပါတယ်။

ကလေးက မောပန်း နွမ်းနယ်နေပေမယ့် အသက်ရှင်နေသေးတယ်လို့ သူ့ကို ကယ်မထုတ်နိုင်သေးခင်မှာ ဖော့ဖရား ရဲတပ်ဖွဲ့ အကြီးအကဲ ရတ်ဆာရန် ကတ်ဆွိုင်ဆင်က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အခုတော့ မိန်းကလေးကို ကယ်ထုတ်ပြီး ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် ဆေးရုံတင်ထားလိုက်ပါပြီ။

(ကယ်ဆယ်​ရေးလုပ်ငန်းများ​ဆောင်ရွက်​နေစဥ်နှင့်က​လေးငယ်ကိုတွင်းထဲမှ ထုတ်လာစဥ်။ဓါတ်ပုံ-Fire & Rescue Thailand)
(ကယ်ဆယ်​ရေးလုပ်ငန်းများ​ဆောင်ရွက်​နေစဥ်နှင့်က​လေးငယ်ကိုတွင်းထဲမှ ထုတ်လာစဥ်။ဓါတ်ပုံ-Fire & Rescue Thailand)

ကလေးမလေးရဲ့ မိဘတွေဟာ တက်ခ်ဒေသက ခီရီရတ် ကျေးရွာနားက ပီလောပီနံ စိုက်ခင်းတစ်ခုမှာ အလုပ်လုပ်ကြတာပါ။ သူတို့က သမီးဖြစ်သူကို အလုပ်ခွင်ဆီ ခေါ်သွားလေ့ရှိပြီး တောင်ပူဆာလေး တစ်ခုနားက သစ်ပင်ရိပ်မှာ ထားခဲ့ကြရပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၆ ရက်မှာတော့ သူတို့တွေ ပြန်လာတဲ့အချိန် ကလေးကို ရှာမတွေ့တော့ဘဲ တောင်ပူဆာနားက ကျင်းထဲမှာ ကလေးငိုသံကို ကြားခဲ့ကြရတာပါ။

ကယ်ဆယ်ရေးတွေ ရောက်လာတဲ့ အခါမှာတော့ ရေတွင်းပေါက်ထဲကို ကင်မရာ ချကြည့်ပြီး ၁၄ မီတာ အနက်မှာ ကလေးမလေးကို အသက်ရှင်လျက် တွေ့ခဲ့ပါတယ်။ အဲဒီနောက် အပေါက်ထဲကို အောက်စီဂျင် ဓာတ်ငွေ့တွေ ထိုးထည့်ပေးခဲ့ပြီး ညလုံးပေါက် မြေတူးပြီး ကယ်ဆယ်ရေး လုပ်ငန်းကို အစပြုခဲ့ကြတာလို့ သိရပါတယ်။

ကိုးကား-AFP

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

Facebook