Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည် ပြန်ဖို့ သမီး ခွင့်မပြုလို့ ဖခင်ဖြစ်သူ ထိုင်းမှာ ကြိုးဆွဲချပြီး အဆုံးစီရင်

မြန်မာပြည်ကို ပြန်ချင်နေပေမယ့် မိသားစုဝင်တွေအားလုံး ထိုင်းမှာရှိနေတဲ့အတွက် သမီးဖြစ်သူက ပြန်ခွင့်မပေးခဲ့တာလို့ ဘန်ကောက်ပို့စ်ကဆိုထားပါတယ်။

ဓာတ်ပုံ − ဘန်ကောက်ပို့စ်
ဓာတ်ပုံ − ဘန်ကောက်ပို့စ်

သမီးဖြစ်သူက မြန်မာပြည်ပြန်ခွင့်မပေးတဲ့အတွက် အသက် ၅၆ နှစ်အရွယ်မြန်မာအမျိုးသားကြီးတစ်ဦးဟာ ထိုင်းနိုင်ငံက တိုက်ခန်း ဝရံတာမှာ ကြိုးဆွဲချပြီး မနေ့ ညပိုင်းက အဆုံးစီရင်သွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြပါတယ်။

အဆုံးစီရင်သွားသူ ဦးစောအောင်ထွန်းသိန်းဟာ ဘန်ဖလိ ခရိုင်အတွင်း သမီးဖြစ်သူနဲ့အတူ နေထိုင်သူဖြစ်ပါတယ်။

သမီးဖြစ်သူ အလုပ်က ပြန်လာချိန်မှာ ဖခင်ကြိုးဆွဲချသေဆုံးနေတာကိုတွေလိုက်ရတာပါ။ ထိုင်းရဲတွေက ဦးစောအောင်ထွန်းသိန်းဟာ မနေ့ည ၉ နာရီဝန်းကျင်မှာသေဆုံးတာလို့တွက်ဆထားပါတယ်။

အလောင်းကိုတွေ့ချိန် တိုက်ရှေ့ဝရံတာမှာ အစိမ်းရောင် နိုင်လွန်ကြိုးနဲ့ ကြိုးဆွဲချထားပြီးလက်၂ ဖက်ကိုလည်းကြိုးတုပ်ထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကိုယ်ခန္ဓာမှာ ပြင်ပဒဏ်ရာ တစုံတရာမတွေ့ရဘူးလို့လည်းသိရပါတယ်။

သမီးဖြစ်သူရဲ့ပြောပြချက်အရ ဦးစောအောင်ထွန်းသိန်းဟာ လအတန်ကြာ အလုပ်လက်မဲ့ဖြစ်နေလို့ စိတ်ဓာတ်ကျနေတယ်လို့သိရပါတယ်။

မြန်မာပြည်ကို ပြန်ချင်နေပေမယ့် မိသားစုဝင်တွေအားလုံး ထိုင်းမှာရှိနေတဲ့အတွက် သမီးဖြစ်သူက ပြန်ခွင့်မပေးခဲ့တာလို့ ဘန်ကောက်ပို့စ်ကဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လောင်စာဆီ လက်ကျန် သိုလှောင်ထားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ အစိုးရကို ထိုင်းအတိုက်အခံ ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အခုနှစ်အတွက် ခွေးရူးပြန်ရောဂါနဲ့ ပထမဆုံး သေဆုံးသူဟာ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း Straitstime သတင်းဌာနက​ဖော်ပြပါတယ်။

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ် တစ်ခုမှာ မဲရေတွက်မှု မူမမှန်တဲ့ ကိစ္စတွေ ရှိနိုင်ကြောင်း စွပ်စွဲမှုတွေကြောင့် မဲတွေ ပြန်ရေတွက်ပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။