Connect with us

Hi, what are you looking for?

သတင်း

ကျောက်မျက်​တောင်မှစစ်တပ်ယာယီစခန်းအား PDFတပ်ပေါင်းစု တိုက်ခိုက်သိမ်းပိုက်

PDF များက ​ကျောက်မျက်​တောင်​ပေါ်မှစစ်​ကောင်စီစခန်းကိုတိုက်ခိုက်​​​နေစဥ် မြစ်တစ်ဖက်ကမ်းရှိ မုံရွာမြို့မှပါ ​သေနတိပစ်ခတ်သံများကြား​​နေရ​ကြောင်း ​ဒေသခံများက​ပြောသည်။

(ကျောက်မျက်တောင်ယာယီစခန်းငယ်စခန်းသိမ်းတိုက်ပွဲတွင် စစ်အုပ်စုထံမှ သိမ်းဆည်းရမိသော စစ်အသုံးအဆောင်များ။ ။ဓါတ်ပုံ-GZ-21 Yinmarbin PDF)
(ကျောက်မျက်တောင်ယာယီစခန်းငယ်စခန်းသိမ်းတိုက်ပွဲတွင် စစ်အုပ်စုထံမှ သိမ်းဆည်းရမိသော စစ်အသုံးအဆောင်များ။ ။ဓါတ်ပုံ-GZ-21 Yinmarbin PDF)

▪︎စစ်အုပ်စုအထိအခိုက်များဖြင့်ဆုတ်ခွာသွားပြီးလက်နက်ခဲယမ်းများကိုPDF သိမ်းဆည်းရရှိ

ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်ကြားရှိ​ကျောက်မျကိ​တောင်​ပေါ်တွင် ယာယီတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းငယ်တစ်ခုကို မြို့နယ်​လေးမြို့နယ်မှ PDF တပ်​ပေါင်းစုက ယမန်နေ့ညနေပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့​ကြောင်း ပါဝင်တိုက်ခိုက်ခဲ့​သောပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက​ပြောသည်။

PDF များကစခန်းကိုတိုက်ခိုက်စဥ် စစ်ကောင်စီတပ်မှာ ထိခိုက်ကျဆုံးမှုများဖြင့် ဆုတ်ခွာသွားသဖြင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ယမန်နေ့ (ဖေဖော်ဝါရီလ ၁၉) ညနေပိုင်းက ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်ကြားရှိ ကျောက်မျက်တောင်ပေါ်တွင် ယာယီတပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဒေသခံကာကွယ်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ညနေ ၅ခွဲ ၆နာရီ လောက် ကနေဖြစ်တယ်။အချိန်က ၁နာရီခွဲ ကြာမြင့်တယ်။ စကစတွေ ကတော့ အကျအဆုံးများပြီး ဆုတ်ခွာ ထွက်ပြေးသွားပါတယ်။ ကိုယ့်ဘက်ကတော့ အထိအခိုက်အကျအဆုံးမရှိဘဲ စကစ ပိုင် ပစ္စည်းအများအပြားသိမ်းဆည်းပြီး အေးချမ်းစွာ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဗျ။လေးမြို့နယ်တပ်ပေါင်းစု ဖွဲ့စည်းပြီး စခန်းသိမ်းခဲ့တာပါ။”ဟု GZ-21 Yinmarbin အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်စစ်မုန်းက People’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲမှာ တစ်နာရီခွဲကြာ ပြင်းထန်ခဲ့ပြီး စခန်းကိုသိမ်းပိုက်ရရှိချိန်တွင် ရန်သူလက်နက်အချို့၊ နင်းမိုင်းများ၊ လက်ပစ်ဗုံးများ၊ သိမ်းဆည်းရမိခဲ့ကြောင်း၊ ရန်သူစစ်ကောင်စီတပ်မှာ ထိခိုက်ကျဆုံးမှုများဖြင့် ဆုတ်ခွာသွားကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

(ကျောက်မျက်တောင်ယာယီစခန်းငယ်စခန်းသိမ်းတိုက်ပွဲတွင် စစ်အုပ်စုထံမှ သိမ်းဆည်းရမိသော စစ်အသုံးအဆောင်များ။ ။ဓါတ်ပုံ-GZ-21 Yinmarbin PDF)
(ကျောက်မျက်တောင်ယာယီစခန်းငယ်စခန်းသိမ်းတိုက်ပွဲတွင် စစ်အုပ်စုထံမှ သိမ်းဆည်းရမိသော စစ်အသုံးအဆောင်များ။ ။ဓါတ်ပုံ-GZ-21 Yinmarbin PDF)

ထိုစခန်းမှ ဒရုန်းဖျက်စက်၊ရှေ့ထွက်မိုင်း၊လက်ပစ်ဗုံး၊ယူနီဖောင်းများ၊နင်းမိုင်းများ၊ဒုတပ်ကြပ် အင်္ကျီတစ်ထည်တို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် GZ-21 Yinmarbin PDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်စစ်မုန်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ကျောက်မျက်တောင်ပေါ်တွင် ယာယီတပ်စွဲထားသည်မှာ ရက်အနည်းငယ်ကြာရှိပြီဖြစ်ကြောင်း၊ ၎င်းအနီးရှိ လူနေအိမ်များကိုလည်း မကြာခဏ မီးရှို့နေသည့်စစ်ကောင်စီတပ်ဖြစ်ကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ဒေသခံစုပေါင်းကာကွယ်ရေးတပ်ပေါင်းစုဘက်က အထိအခိုက်မရှိဘဲ စခန်းငယ်ကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း ၎င်းက​ပြောသည်။

PDF များက ​ကျောက်မျက်​တောင်​ပေါ်မှစစ်​ကောင်စီစခန်းကိုတိုက်ခိုက်​​​နေစဥ် မြစ်တစ်ဖက်ကမ်းရှိ မုံရွာမြို့မှပါ ​သေနတိပစ်ခတ်သံများကြား​​နေရ​ကြောင်း ​ဒေသခံများက​ပြောသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း မုံရွာမြို့နယ်ရှိ ကျောက်ကြီးတောင်နှင့် ဗောဓိတစ်ထောင်တောင်ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းနှစ်ခုကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မုံရွာခရိုင်အမှတ်(၁) တပ်ရင်း၊ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။