Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းပြီးနောက်သမိုင်းဝင် အင်ဒွမ်လတပ်၌ ရွှေတူးဖော်သည့်လုပ်ငန်းများ​ရှိလာ၍ ထွက်ခွာရန်ဒေသခံများ​တောင်းဆို

အဆိုပါနေရာ၌ ရွှေတူးဖော်ခြင်းအားဖြင့်သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများ၊တောရိုင်းတိရစ္ဆာန်စားကျက်မြေများပျက်စီးခြင်းနှင့်ရေချိုငါးအရင်းအမြစ်များပျက်စီးပျောက်ကွယ်မည့် အန္တရာယ်ဖြစ်ပေါ်စေမည်ဟု ၎င်းကဆက်​ပြောသည်။

(အင်ဒွမ်လတပ်ဒေသ၌ရွှေတူးဖော်နေမှုကို​တွေ့ရစဥ်/ရွှေတူးဖော်နေသည့်လုပ်ငန်းရှင်များ အမြန်ဆုံးထွက်ခွာရန်ဆန္ဒထုတ်​ဖော်​တောင်းဆိုခဲ့​သော​​ဒေသခံများ။ဓါတ်ပုံ-KNG)
(အင်ဒွမ်လတပ်ဒေသ၌ရွှေတူးဖော်နေမှုကို​တွေ့ရစဥ်/ရွှေတူးဖော်နေသည့်လုပ်ငန်းရှင်များ အမြန်ဆုံးထွက်ခွာရန်ဆန္ဒထုတ်​ဖော်​တောင်းဆိုခဲ့​သော​​ဒေသခံများ။ဓါတ်ပုံ-KNG)

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လန်းဒေါင်အုပ်စုရှိကချင်တစ်မျိုးသားလုံးနှင့်ဆိုင်သည့် ယဉ်ကျေးမှု အမွေအနှစ်နေရာ အင်ဒွမ်လတပ်ဒေသ၌ ရွှေတူးဖော်နေသည့်လုပ်ငန်းရှင်များ အမြန်ဆုံးထွက်ခွာရန်ဒေသခံများကထပ်မံ​တောင်းဆိုသတိပေးလိုက်သည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်စက်ယန္တရားများ အသုံးပြုပြီး ရွှေတူးနေမှုကို ရပ်တန့်ပေါ်ရန်ဒေသခံများက အကြိမ်ကြိမ် တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့သော်လည်း ရပ်တန့်ခြင်းမရှိသည့်အပြင် ပိုမိုတူးဖော်လာ၍ ဖေဖော်ဝါရီ ၁၈ရက်တွင် ဒေသခံများက ထပ်မံ ဆန္ဒထုတ်ဖော်ကာ သတိပေးခဲ့ခြင်းဖြစ်သည်ဟု လှုပ်ရှားမှု၌ ပါဝင်သူ ပူတာအိုဒေသခံအချို့က ပြောသည်။

“ကျနော်တို့ အင်ဒွန်လတပ်လို့ခေါ်တဲ့နေရာက ကချင်လူမျိုးဆင်းသက်တဲ့နေရာမှာဖြတ်ကျော်ခဲ့တဲ့သမိုင်းဝင်နေရာပေါ့။ အဲဒီနေရာမှာရွှေမတူးဖော်ဖို့ဆိုပြီးလွန်ခဲ့တဲ့အောက်တိုဘာလ ၁၅၊ ၁၆ကတည်းက အဲဒီမှာ ရွှေတူးဖော်နေတဲ့သူတွေကိုလည်း သတိပေးပြီးပြီ။ ဒါပေမဲ့နားခြင်းမရှိဘဲ ပိုမိုပြီးတော့ တူးဖော်နေတာကို တွေ့ရတာပေါ့။ အဲဒါကြောင့်ဒီလမှာ အဲဒီမှာ ရွှေလုပ်နေတဲ့သူတွေ အားလုံးကို ထွက်ပေးဖို့ အဲဒီလိုလုပ်ခဲ့တယ်” ဟု ဒေသခံတစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။

(အင်ဒွမ်လတပ်ဒေသ၌ရွှေတူးဖော်နေမှုကို​တွေ့ရစဥ်/ရွှေတူးဖော်နေသည့်လုပ်ငန်းရှင်များ အမြန်ဆုံးထွက်ခွာရန်ဆန္ဒထုတ်​ဖော်​တောင်းဆိုခဲ့​သော​​ဒေသခံများ။ဓါတ်ပုံ-KNG)
(အင်ဒွမ်လတပ်ဒေသ၌ရွှေတူးဖော်နေမှုကို​တွေ့ရစဥ်/ရွှေတူးဖော်နေသည့်လုပ်ငန်းရှင်များ အမြန်ဆုံးထွက်ခွာရန်ဆန္ဒထုတ်​ဖော်​တောင်းဆိုခဲ့​သော​​ဒေသခံများ။ဓါတ်ပုံ-KNG)

အဆိုပါနေရာ၌ ရွှေတူးဖော်ခြင်းအားဖြင့်သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများ၊တောရိုင်းတိရစ္ဆာန်စားကျက်မြေများပျက်စီးခြင်းနှင့်ရေချိုငါးအရင်းအမြစ်များပျက်စီးပျောက်ကွယ်မည့် အန္တရာယ်ဖြစ်ပေါ်စေမည်ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ရွှေတူးဖော်မှုရပ်တန့်ရေးတောင်းဆိုသည့် လှုပ်ရှားမှုကို ဂျိမ်းဖော့စာပေနှင့်ယဉ်ကျေးမှု အဖွဲ့က ဦးဆောင်ပြီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဆက်ပြီးတော့ လုပ်မယ်ဆိုရင် ဥပဒေလမ်းကြောင်းအရ တရားစွဲမယ့်အထိကို လုပ်မယ်။ ဘာဖြစ်လို့လည်းဆို အခု လက်ရှိ ရွှေလုပ်နေတဲ့နေရာကလည်း တရားမဝင်ဖြစ်နေတယ်။ တစ်ဖက်မှာက ယဉ်ကျေးမှု အမွေအနှစ် တန်ဖိုးဖြတ်လို့မရတဲ့အမွေအနှစ်နေရာကိုလည်း အကုန်လုံးဖျက်ဆီးနေတဲ့ အနေအထားမှာ ရှိတဲ့အခါကျတော့ အခုလိုမျိုးလုပ်ရခြင်းဖြစ်တယ်” ဟု အခြားဒေသခံတစ်ဦးကလည်းပြောသည်။

Public Service Announcement
Public Service Announcement

ယခင် အာဏာမသိမ်းခင်က မြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှုရှိခဲ့သော်လည်း ယခုကဲ့သို့ အမွေအနှစ်နေရာကို တူးဖော်ခြင်းမရှိခဲ့ဟု​ဒေသခံများက​ပြောသည်။

“ ဒီအာဏာသိမ်းပြီးနောက်ပိုင်း ဒီနေရာမှာ ပေါ်ပေါ်တင်တင် ကို လုပ်နေတဲ့ အနေအထားမှာ ရှိနေတာပေါ့” ဒေသခံက ပြောသည်။

အဆိုပါဒေသ၌ စစ်ကောင်စီ သာမကကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) တို့လည်း ရှိသည်ဟုသိရသည်။

“ KIO အစိုးရဘက်မှာလည်း သူတို့ အဝင်အထွက်တော့ရှိမယ်ထင်တာပဲ။ ကျနော်တို့ ယဉ်ကျေးမှုအဖွဲ့ကလည်း အစိုးရ နှစ်ဖက်စလုံကိုစာတင်ပြီးပြီ။ ဒါကို ရပ်ဆိုင်းပေးဖို့ ဒါကိုရွှေမတူးဖော်ပေးဖို့ဆိုပြီး စာထွက်ပြီးပြီ။ လက်တွေ့မှာအကောင်အထည်ဖော်ခြင်းမရှိဘူး။ နဂိုရ်က မတူးတဲ့နေရာတောင် ဆက်လက်ပြီးမှ ပြန်တူးတဲ့အနေအထားမှာရှိတော့ ဒါကို လုံး၀ လက်လျှော့လို့မရဘူးဆိုပြီးတော့ ဒါကို လေးလေးနက်နက်လုပ်ရခြင်းဖြစ်ပါတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသ၌လည်း အာဏာသိမ်းပြီးနောက်ပိုင်း ရွှေတူးဖော်မှုလုပ်ငန်းများ အကြီးစား လုပ်လာ၍ ဒေသခံများက ရွှေတူးဖော်မှု ရပ်တန့်ပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုများပြု လုပ်ခဲ့သည်။သို့သော်လည်း ကချင်လုပ်ငန်းရှင်များအပါအဝင် ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သူများက ဆက်လက် လုပ်ကိုင်​နေဆဲဖြစ်သည်။

နိုင်ငံတစ်ဝန်း စစ်အုပ်စုအာဏာသိမ်းပြီး​နောက်ပိုင်းတရားမဝင်​ရွှေတူး​ဖော်မှုများပိုမိုများလာကြောင်း People’s Spring သတင်းဌာနကကွင်းဆင်းသတင်းရယူ​၊လေ့လာမှုအရသိရသည်။စစ်​ကောင်စီတပ်၊ ရဲများ ၊ပြည်သူ့စစ်ကဲ့သိုစစ်​ကောင်စီလက်​အောက်ခံအဖွဲ့များက ​မှောင်ခို​ရွှေတူး​ဖော်မှုမှာ​ငွေ​ကြေးအကျိုးအမြတ်ရရှိ​အောင် လာဘ်စား​နေကြသည်ကိုလည်း​တွေ့ရသည်။

People’s Spring ကွင်းဆင်းသတင်းရယူ​ရေးသားထား​သော​ဆောင်းပါးကို “စစ်​ကောင်စီအတွက်ကည်ဆံဖိုး​ငွေစီး​ကြောင်းတစ်ခု”ခေါင်းစဥ်ဖြင့်​အောက်ပါလင့်တွင်ဖတ်ရှုနိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ စစ်ရေးပဋိပက္ခတွေမှာသေဆုံးသူ ၁ သိန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ (UN)ရဲ့ တတိယကော်မတီအစည်းအဝေးမှာမြန်မာနိုင်ငံဆိုင်ရာ UN ကျွမ်းကျင် အရာရှိတွေကပြောကြားခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ် နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ အာဏာသိမ်းပြီး ၅နှစ်ကျော်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၅၉လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသူကျောင်းသားသေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုက အောက်တိုဘာ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“အလုပ်လုပ်ရင် မိသားစုကို ကျွေးနိုင်မယ်” ဒါဟာ အသက် ၃၄ နှစ်အရွယ် ကိုမင်းရဲ့ ဘဝတလျှောက် ယုံကြည်ခဲ့တဲ့ ရိုးရှင်းတဲ့အယူအဆတခု ဖြစ်ခဲ့ပါတယ်။

အတွေးအမြင်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ သက်တမ်းကာလမှာ ရဲတွေဟာ အင်မတန်မှ မလူးသာမလွန့်သာ ရှိခဲ့ရတယ်။ အကြောင်းကတော့ လာဘ်စားဖို့ ယခင်စစ်တပ်အုပ်ချုပ်စဥ်ကာလတွေလောက် အခြေအနေ မကောင်းကြတော့လို့ပါပဲ။

Facebook