Connect with us

Hi, what are you looking for?

သတင်း

ရနောင်းလဝကစခန်းက ထိန်းသိမ်းခံ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့မယ်

ရနောင်း ထိုင်းလဝက ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ နေထိုင်စားသောက်ရေးခက်ခဲပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကြုံရတာကြောင့် မြန်မာပြည်ပြန်ခွင့်ရဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အစာငတ်ခံဆန္ဒပြခဲ့ကြပါတယ်။

ရနောင်းလဝကစခန်းက ထိန်းသိမ်းခံ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့မယ်
ရနောင်းလဝကစခန်းက ထိန်းသိမ်းခံ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့မယ်

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေ ဆန္ဒပြမှု ဖြစ်ပွားပြီးနောက် လာမယ့်ဖေဖော်ဝါရီလမှာ နေရပ်ပြန်ပို့ဖို့စီစဉ်ပေးမယ်လို့ ဘန်ကောက်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ သံရုံးက ထုတ်ပြန်လာပါတယ်။

ရနောင်း ထိုင်းလဝက ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ နေထိုင်စားသောက်ရေးခက်ခဲပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကြုံရတာကြောင့် မြန်မာပြည်ပြန်ခွင့်ရဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အစာငတ်ခံဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement
Public Service Announcement

အဲဒီနောက်စစ်ကောင်စီသံရုံးက ထိုင်းအာဏာပိုင်တွေနဲ့ညှိနှိုင်းပြီး ထိန်းသိမ်းခံရထားတဲ့ မြန်မာလုပ်သား ၆၀၀ ဦးကို ၂ သုတ်ခွဲပြီး လာမယ့် ဖေဖော်ဝါရီလအတွင်းကော့သောင်းမြို့ကတဆင့် နေရပ်ပြန်ပို့ဖို့ ဖြေရှင်းခဲ့တယ်လို့သိရပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ၂၂၀ ဦး ကို ကနဦးပြန်ပို့မှာဖြစ်ပြီးကျန်တဲ့သူတွေကို ဖေဖော်ဝါရီလ ၈ ရက်နဲ့ ဖေဖော်ဝါရီလ ၁၅ ရက်တွေမှာ ဆက်တိုက်ပြန်ပို့မှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နေရပ်ပြန်ပို့ဖို့ ကတိရတဲ့အတွက် ထိန်းသိမ်းရေးစခန်းမှာ ဆန္ဒပြတာကိုရုတ်သိမ်းလိုက်ပြီလို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လောင်စာဆီ လက်ကျန် သိုလှောင်ထားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ အစိုးရကို ထိုင်းအတိုက်အခံ ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အခုနှစ်အတွက် ခွေးရူးပြန်ရောဂါနဲ့ ပထမဆုံး သေဆုံးသူဟာ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း Straitstime သတင်းဌာနက​ဖော်ပြပါတယ်။

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ် တစ်ခုမှာ မဲရေတွက်မှု မူမမှန်တဲ့ ကိစ္စတွေ ရှိနိုင်ကြောင်း စွပ်စွဲမှုတွေကြောင့် မဲတွေ ပြန်ရေတွက်ပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။