Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား – ပူတာအိုလမ်းပိုင်း ယနေ့မှစ၍ ညပိုင်း ယာဉ်သွားလာခြင်းမပြုရန် PDF အသိပေး

ကုန်တင်ကားများ အမိုးအုပ်လျင် မိုးကာအကြည်ကိုသာ အသုံးပြုရန် နှင့် ခရီးသည်ယာဉ်များ မှန်ချ မောင်းနှင်ရန်လည်း အသိပေးချက်၌ ပါရှိသည်။

(မြစ်ကြီးနား - ပူတာအိုလမ်းပိုင်းတစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မြစ်ကြီးနား - ပူတာအိုလမ်းပိုင်းတစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းယနေ့ (မတ်လ ၂ရက်)မှစ၍ ညနေ ၆နာရီမှ နံနက် ၆နာရီအထိ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်လိုက်သည်။

ထိုပြင် ယာဉ်များတွင် စစ်နှင့်ပတ်သက်သည့် ပစ္စည်းများ သယ်ဆောင်ခွင့်မပြုရန် အသိပေးထားပြီး မူးယစ်ဆေးဝါး သယ်ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း လုံး၀ခွင့်မပြုကြောင်း ဖော်ပြထားသည်။

ကုန်တင်ကားများ အမိုးအုပ်လျင် မိုးကာအကြည်ကိုသာ အသုံးပြုရန် နှင့် ခရီးသည်ယာဉ်များ မှန်ချ မောင်းနှင်ရန်လည်း အသိပေးချက်၌ ပါရှိသည်။

မော်တော်ယာဉ်များ စစ်ဆေးမှု လုပ်ဆောင်နေစဉ်တွင် စစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်များအား မလိုက်နာပါက ဖြစ်ပေါ် လာမည့် ပြဿနာများကို လုံး၀တာဝန်မယူကြောင်း အသိပေးထားသည်။

ပူတာအို PDF သည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့ရာ ပူတာအို – မြစ်ကြီးနားကာလမ်းအသုံးပြုသည့် မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် မိုးကာအုပ်ပြီး ကုန်ပစ္စည်းတင်ဆောင်ခြင်းမပြုရန်လိုအပ်ပါက မိုးကာအကြည်ကိုသာ အသုံးပြုရန် မေတ္တာရပ်ခံထားသည်။

ပူတာအို PDFသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ စစ်ပညာသင်ယူထားသည့် တပ်ဖွဲ့ဖြစ်ပြီး ပူတာအိုဒေသ၌ စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၁၀၂၇ စစ်ဆင်​ရေး နှင့် ရှမ်းမန်းစစ်ဆင်​ရေးပြန်PDF များပူး​ပေါင်းစစ်ဆင်​ရေးဖြစ်

သတင်း

ထန်းတပင်မြို့စိုးတံတားသို့ အင်အားဖြည့်လာသည့် စစ်​ကြောင်းကိုလည်း PDFများတိုက်ခိုက်

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်သားသုံးဦးသေပြီးတစ်ဦးအရှင်ဖမ်းမိကာ လူသားဒိုင်းပြုလုပ်ခံရသည့် ပြည်သူ ၇ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကလူထုနွေဦးသို့ ပြောသည်။

သတင်း

ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာပြည်ဘက်ပြန်ပို့ခံရစဥ် အဓမ္မစစ်မှုထမ်းရသည့် လူငယ်နှစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း ဒေါနတပ်ရင်း၊ ဗျူဟာ ၃၃ ဗျူဟာမှူးစောဒါးကိုက လူထုနွေဦးသို့ ပြောသည်။