Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား – ပူတာအိုလမ်းပိုင်း ယနေ့မှစ၍ ညပိုင်း ယာဉ်သွားလာခြင်းမပြုရန် PDF အသိပေး

ကုန်တင်ကားများ အမိုးအုပ်လျင် မိုးကာအကြည်ကိုသာ အသုံးပြုရန် နှင့် ခရီးသည်ယာဉ်များ မှန်ချ မောင်းနှင်ရန်လည်း အသိပေးချက်၌ ပါရှိသည်။

(မြစ်ကြီးနား - ပူတာအိုလမ်းပိုင်းတစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မြစ်ကြီးနား - ပူတာအိုလမ်းပိုင်းတစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းယနေ့ (မတ်လ ၂ရက်)မှစ၍ ညနေ ၆နာရီမှ နံနက် ၆နာရီအထိ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်လိုက်သည်။

ထိုပြင် ယာဉ်များတွင် စစ်နှင့်ပတ်သက်သည့် ပစ္စည်းများ သယ်ဆောင်ခွင့်မပြုရန် အသိပေးထားပြီး မူးယစ်ဆေးဝါး သယ်ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း လုံး၀ခွင့်မပြုကြောင်း ဖော်ပြထားသည်။

ကုန်တင်ကားများ အမိုးအုပ်လျင် မိုးကာအကြည်ကိုသာ အသုံးပြုရန် နှင့် ခရီးသည်ယာဉ်များ မှန်ချ မောင်းနှင်ရန်လည်း အသိပေးချက်၌ ပါရှိသည်။

မော်တော်ယာဉ်များ စစ်ဆေးမှု လုပ်ဆောင်နေစဉ်တွင် စစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်များအား မလိုက်နာပါက ဖြစ်ပေါ် လာမည့် ပြဿနာများကို လုံး၀တာဝန်မယူကြောင်း အသိပေးထားသည်။

ပူတာအို PDF သည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့ရာ ပူတာအို – မြစ်ကြီးနားကာလမ်းအသုံးပြုသည့် မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် မိုးကာအုပ်ပြီး ကုန်ပစ္စည်းတင်ဆောင်ခြင်းမပြုရန်လိုအပ်ပါက မိုးကာအကြည်ကိုသာ အသုံးပြုရန် မေတ္တာရပ်ခံထားသည်။

ပူတာအို PDFသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ စစ်ပညာသင်ယူထားသည့် တပ်ဖွဲ့ဖြစ်ပြီး ပူတာအိုဒေသ၌ စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။